Thursday, February 11, 2016

WFP က ကျောင်းနေအရွယ်ကလေးငါးသိန်းကို ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည် ----------------------------------

WFP က ကျောင်းနေအရွယ်ကလေးငါးသိန်းကို ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည် ---------------------------------- ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် မူလတန်းကြိုနှင့် အခြေခံမူလတန်းကျောင်းပေါင်း ၄ဝဝဝရှိ ကျောင်းနေအရွယ် ကလေးငါးသိန်းကို ကျောင်းတွင်းရိက္ခာအဖြစ် အာဟာရဖြည့် ဘီစကွတ်မုန့်များ ထောက်ပံ့မည်ဖြစ်ကြောင်း WFP က ထုတ်ပြန်သည်။ “အစားအစာ လုံလုံလောက်လောက်မရနိုင်တဲ့ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ မနက်တိုင်း အာဟာရဖြည့် ဘီစကွတ်တွေကျွေးပါမယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဌာနေကိုယ်စားလှယ် Mr. Dorn Scalpelli က ပြောဆိုသည်။ ကျောင်းနေအရွယ်ကလေးများကို အစားအစာထောက်ပံ့ ကျွေးမွေးရခြင်းမှာ ကျောင်းအပ်နှုန်း၊ ကျောင်းတက်နှုန်းနှင့် ကျောင်းဆက်တက်နိုင်မှုမှတစ်ဆင့် သင်ယူမှုတိုးတက်လာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ ရန်ပုံငွေလိုအပ်ချက်ကြောင့် ပြီးခဲ့သည့်စာသင်နှစ်အတွင်း ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ငန်းရပ်ဆိုင်းထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ရေဘေးသင့်ဒေသများအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းအပါအဝင် တစ်နိုင်ငံလုံးရှိ စာနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇ သန်း လိုအပ်ကြောင်း WFP က ကြေညာထားသည်။

No comments: