PSLF/TNLAအဖွဲ့ သတ်ဖြတ်လိုက်သည့် ရှမ်းရွာသားအမည်နာမများ
9-2-2016
၁။ မူးလိင်တ အသက် ၅၀ကျော် ဇနီး ပါနန်းအီခမ်း သားသမီး နှစ်ယောက်ရှိ
၂။ ပူကျောင်းဆု အသက် ၅၀ကျော် ဇနီး ပါနန်းမြ သမီး ၃ယောက် ရှိ
၃။ စိုင်းမိန်း အသက် ၂၂ နှစ် ဇနီး နန်းသီ ၁နှစ်သာပြည့်သေးသည့် သားလေးတစ်ယောက်ရှိ
၎။ လုံးဂျန်န အသက် ၄၀ ကျော် ဇနီး ပါခင်မေ သား ၃ယောက် ရှိ
ထို မိသားစုဝင်များသည် လင်/ယောက်ကျားဖြစ်သူကို TNLAအဖွဲ့ သတ်ဖြတ်လိုက်သည့် ၄ယောက်ဖြစ်ပါသည်။
အမည်နာမများ မသိရသေးသော ဝမ်ဟိုခို ရွာသား ၃ ယောက်နှင့် အခြားရွာသား ၃ ယောက် ရှိပါသေးသည်။
အားလုံးစုစုပေါင်း ၁၀ ယောက် ဖြစ်ပါသည်။
ထို ၁၀ ယောက်အား TNLAအဖွဲ့မှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး
ဝမ်ဂွင်းဝွင်း ရွာသားများကို ၇ . ၂ . ၂၀၁၆ နေ့ ညတွင်းချင်းပင် မြုပ်နှံစေခဲ့
လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
အလားတူပင် TNLAအဖွဲ့ဝင်များသည် ရှမ်းအမျိုးသားနေ့ ပွဲတော်ကို
သွားရောက်မည့် ပြည်သူလူထုများကိုလည်း ရိုက်နှက်နှိပ်စက်ပြီး ပြည်သူများစီးနှင်းလာသော ဆိုင်ကယ် ၇ စီးကိုလည်း ရိုက်ခွဲဖျက်စီးလိုက်ပါသည်။
နန်းမြင့်စိန်ဆိုသော ရှမ်းအမျိုးသမီးလည်း TNLA အဖွဲ့၏ ဓားပြတိုက်မှု ကို ခံလိုက်ရပြီး ပါလာသော ငွေကျပ် ၅ သိန်း နှင့် စမတ်ဖုန်း ၂ လုံးကိုလည်း TNLAအဖွဲ့မှ အတင်းအဓမ္မလုယူ ခြင်းကို ခံလိုက်ရပါသည်။
တရုတ်ပြည်တွင် သွားရောက်လုပ်ကိုင်သည့် ပြည်သူအချို့ လည်း တရုတ်နှစ်သစ်ကူးကို အမှီပြန်လာကြရာ လမ်းတစ်ဝက်တွင် TNLA ဓားပြ တိုက်မှုခံလိုက်ရပါသည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ပြပါမည်
Ref : Sai Seng Zorm FB
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
PSLF/TNLAအဖွဲ့ သတ်ဖြတ်လိုက်သည့် ရှမ်းရွာသားအမည်နာမမျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment