မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က “ပုဒ်မ ၅၉(စ) နဲ့ ပတ်သက်ပြီး NLD နဲ့ တပ်မတော်ကြားမှာ ဆွေးနွေးမှု မရှိပါဘူး” ဟု တနင်္လာနေ့က ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။ စစ်တပ်၏ ထောက်ခံမှုမရဘဲ ထိုပုဒ်မကို ပြင်ဆင်၍ မရနိုင်ဟု ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ဆိုသည်။ ယင်းက “ဒီပုဒ်မကို ဆိုင်းငံ့လို့ မရပါဘူး။ ဒါက ဥပဒေနဲ့ မညီပါဘူး။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီး ဖြစ်တဲ့အတွက် ထပ်မံတင်သွင်းဆွေးနွေးဖို့ မသင့်တော်ပါဘူး” ဟု ပြောကြားသည်။ ထိုပုဒ်မမှာ “ကျွန်တော်တို့ ပြည်သူတွေကို နိုင်ငံခြား ကျူးကျော်မှုမှ ကာကွယ်နိုင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
"ဥပဒေတစ်ရပ်က အများဆန္ဒနဲ့ မကိုက်ညီတာတွေ၊ အများပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် မဆိုင်းမတွပင် ပြင်ဆင်သင့်" ဟု ဆို
--------- ---- --- -------
ဖေဖော်ဝါရီလ ၈ ရက် တင်္နလာနေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမနေ့တွင် သမ္မတသစ်ရွေးချယ်မှုကို မတ် ၁၇ တွင် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ သမ္မတသစ် ရွေးချယ်မည့်ရက်နှင့် အဆိုပါ သမ္မတသစ်က အစိုးရသစ် ဖွဲ့စည်ပြီး တာဝန်လွှဲပြောင်းရယူရမည့် ရက်ဖြစ်သည့် ဧပြီ ၁ နှင့် အလွန်နီးကပ်လျက် ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲ အပြီး ၂၀၁၁ ဖေဖော်ဝါရီလဆန်းက ခေါ်ယူခဲ့သည့် ပထမအကြိမ် လွှတ်တော်မှ ၂ ပါတ်အတွင်း သမ္မတသစ်ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ယခင်စစ်အစိုးရထံမှ တာဝန်လွှဲပြောင်းယူခြင်းတို့ကို မြန်ဆန်စွာ ပြုလုပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ မတ် ၁၇ ရက်နေ့တွင်မှ ဒုသမ္မတ ၃ ဦးကို ရွေးချယ်တင်မြောက်ပြီး သမ္မသစ်ရွေးချယ်မှုကို အပြီးသတ်လုပ်ရန် ဆုံးဖြတ်ခြင်း၏ နောက်ကွယ်တွင် နိုင်ငံရေး အားပြိုင်မှုများ အပြင်းအထန်ရှိနိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က '' ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အပြောင်းအလဲလုပ်နိုင်မယ်ဆိုပြီး ယုံကြည်လို့ ဆန္ဒမဲပေးခဲ့ကြတယ်။ ဒါကြောင့် ဥပဒေတစ်ရပ်က အများဆန္ဒနဲ့ မကိုက်ညီတာတွေ၊ အများပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် ပြန်လည်ပြင်ဆင်သင့်ရင် ပြင်ရမှာပဲ၊ ဒီမိုကရေစီ ဖြစ်ထွန်းဖို့အတွက်လည်း ဒီဥပဒေက မကိုက်ညီရင် ပြင်ရမှာပဲ။ နောက်ပြီး ဒီဥပဒေက ပြည်သူတွေ ဆန္ဒနဲ့ ရေးဆွဲခဲ့တာ မဟုတ်ဘူး။ ပုဒ်မ၅၉(စ)အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင် ရေးဆွဲသင့်ပါတယ်။ နောက်ဆိုရင်တော့ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ဥပဒေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်''ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲတွင် သူမအနေဖြင့် အစိုးရကို ပဲ့ကိုင်နိုင်ရန် သမ္မတ၏ အထက်မှ အုပ်ချုပ်သွားမည်ဟု ကမ္ဘာနှင့် မြန်မာပြည်သူများထံ သတင်းစကားပါးခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ အစိုးရများအနေဖြင့် အခက်အခဲတစ်စုံတရာ မတွေ့နိုင်ကြောင်း အမေရိကန် ထိပ်တန်း အရာရှိကြီး တစ်ဦးက ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
“ မြန်မာအစိုးရသစ်က ဘယ်လိုပုံစံဖြစ်မလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ အစိုးရအဖွဲ့ခေါင်းဆောင် ရွေးတဲ့စနစ်က အတော်ရှုပ်ထွေးပြီး ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာလည်း မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ NLD က ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရထားပြီး လွှတ်တော်သစ်မှာ အများစုနေရာရ ပါတီပါ။ နိုင်ငံတွေမှာ အစိုးရ ဖွဲ့စည်းပုံတွေ အမျိုးမျိုး ရှိပါတယ်။ ဘုရင်တွေ၊ ဆူလတန်တွေ၊ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ၀ါရင့်ဝန်ကြီးတွေ၊ အထွေထွေ အတွင်းရေးမှူးတွေ အမျိုးမျိုး ရှိပါတယ်။ ဥပမာ - တရုတ်နိုင်ငံမှာ တိန်ရှောင်ပိန်ဟာ ရာထူးယူမထားဘဲ အာဏာချုပ်ကိုင်တာကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးက ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သူနဲ့ သူ့ရဲ့ အခြေခံဥပဒေနဲ့ညီမယ့် ကိုယ်စားလှယ်နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အမေရိကန်အတွက် ပြသ၁နာရှိမှာ မဟုတ်ပါဘူး။” ဟု ယင်းက ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ရရှိစေရန် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နှင့် စစ်တပ်တို့ ဆွေးနွေးညှိနှိုင်းနေသည် ဆိုသော သတင်းများကို တပ်မတော်သား အမတ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ငြင်းပယ်ခဲ့သည်။ ရွေးကောက်ပွဲ ပြီးနောက် NLD နှင့် စစ်တပ်သည် အစိုးရသစ် ဖွဲ့စည်းမည့်ပုံစံနှင့် အာဏာ လွှဲပြောင်းရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က “ပုဒ်မ ၅၉(စ) နဲ့ ပတ်သက်ပြီး NLD နဲ့ တပ်မတော်ကြားမှာ ဆွေးနွေးမှု မရှိပါဘူး” ဟု တနင်္လာနေ့က ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။ စစ်တပ်၏ ထောက်ခံမှုမရဘဲ ထိုပုဒ်မကို ပြင်ဆင်၍ မရနိုင်ဟု ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ဆိုသည်။ ယင်းက “ဒီပုဒ်မကို ဆိုင်းငံ့လို့ မရပါဘူး။ ဒါက ဥပဒေနဲ့ မညီပါဘူး။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီး ဖြစ်တဲ့အတွက် ထပ်မံတင်သွင်းဆွေးနွေးဖို့ မသင့်တော်ပါဘူး” ဟု ပြောကြားသည်။ ထိုပုဒ်မမှာ “ကျွန်တော်တို့ ပြည်သူတွေကို နိုင်ငံခြား ကျူးကျော်မှုမှ ကာကွယ်နိုင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment