လက်ရှိပွဲထွက်လာပုံအခင်းအကျင်းအရကျနော်ပြောတဲ့နည်းလမ်းကို NLD ဟာရွေ့နေပါတယ် ။ ဘာလဲဆိုတော့ ခြေ/ဥ ပြင်တဲ့နည်းပါ ။ ဒေါ်စု လှမ်းနေတဲ့ခြေလှမ်းက အဓိက သမ္မတ ဖြစ်ရေးပေါ့လေ ဒါကြောင့်ဘာလွှတ်တော်ဥက္ကဌ ဘာရာထူးမှယူမထားဘူး ဒီတော့ရှေ့ဆက်ဘာလုပ်မှာလည်း ဆိုတော့
၁ ။ အစိုးရဖွဲ့မယ် ရုပ်သေး သမ္မတ ခန့်မယ်
၂ ။ ခြေ/ဥ ပြင်ဆင်ရေးဆွဲရေးကော်မရှင်ဖွဲ့မယ် ၆ လ ခန့်အတွင်း ခြေဥအသစ်ထွက်လာမယ် (ဒီ့ထက်လည်းစောနိုင်တယ် အသစ်ရေးတဲ့ခြေ/ဥမှာ၅၉စ -၄၃၆ - တပ်၂၅% ပယ်တာတွေပါလာလိမ့်မယ် တပ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကျယ်ပျံ့စွာဆောင်ရွက်ခဲ့ပါပြီ)
၃ ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ် (ပြည်သူအားလုံးကတောင်ပြိုကမ်းပြို ထောက်ခံလိမ့်မယ်လို့ယုံကြည်ထားတယ်)
၎ ။ ခြေ/ဥအသစ်အရအစိုးရဖွဲ့ဘို့လွှတ်တော်ကိုဖျက်သိမ်းကြောင်းကြေငြာမယ် ။ (၂၀၁၇ နှစ်ထဲအပြတ်လုပ်လိမ့်မယ်)
၅ ။ ပါတီစုံအထွေထွေရွေးကောက်ပွဲလုပ်မယ် (ဒေါ်စုအသက်မကြီးသေးခင်မြန်နိုင်သမျှမြန်မြန် ၂၀၁၇/၁၈ နှစ်ဆန်းမှာအပြီးသပ်နိုင်အောင်ကြိုးစားလိမ့်မယ်)
၆ ။ ဒါပါဘဲ
အဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၆၆%ဘဲလာပေးခဲ့ပြီး ဒီချုပ်က၃၈%ကြံ့က၁၉%ရခဲ့တဲ့အနက် မဲမပေးတဲ့ ၃၄%ဟာ ဒို့နိုင်မှာပါကွာဆိုတဲ့ ကြံ့တွေကခပ်များများပါလို့ နိုင်ငံခြားကအဓိကစစ်တမ်းတစ်ခုကဆိုတယ်။
နောက်တစ်ခုက မိတ္ထီလာနဲ့လောက်ကိုင်မှာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတဲ့ပြည်သူတွေက ဘာလို့ကြံ့ကိုမဲပေးခဲ့သလဲ ။
ဒေါ်စုအနေနဲ့ အထက်က Step တိုင်း အပိုင်တွက်လို့မရနိုင်ပါဘူး ။
ကြံ့တွေအနေနဲ့လည်း step တွေအလိုက် ငြိမ်းချမ်းစွာနဲ့ ဆောင်ရွက်နိုင်အောင် လိုတာပြင်တော့ပေါ့ ဟုတ်ဘူးလား ။
ဟရောင် စကင်းအောင်း ။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment