မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 26, 2016
တရားမဝင် Home Stay လုပ်ငန်းများကို တိုင်ကြားပါက အရေးယူမည်
တရားမဝင် Home Stay လုပ်ငန်းများကို တိုင်ကြားပါက အရေးယူမည်
-----------------------------------------
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
နိုင်ငံခြားသားဧည့်သည်များ တည်းခိုနေထိုင်ရန် တရားမဝင် Home Stay လုပ်ငန်းလုပ်ကိုင်မှုများကို တိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။
''လောလောဆယ်တော့ Home Stay က မြန်မာနိုင်ငံမှာ တရားဝင်ခွင့်ပြု ထားတာ မဟုတ်ဘူး။ ဒီလုပ်ငန်းက တည်းခိုတဲ့ နိုင်ငံခြားဧည့်သည် တစ်ခုခု
ဖြစ်ခဲ့ရင် တာဝန်ကြီးတယ်။ ဒါကြောင့် တာဝန်သိတဲ့ ပြည်သူကတိုင်ကြားရင် အရေးယူပေး မယ်'' ဟု ၄င်းကဆိုသော်လည်း မည်သို့ အရေးယူမည်ကို အသိပေးပြောကြားခြင်း မရှိပေ။
တရားမဝင် Home Stayလုပ်ငန်း လုပ်ကိုင်မှုများသည် နိုင်ငံခြားသား ဧည့်သည်များမှ ဟိုတယ်ခသက်သာစေရန် ငှားရမ်းနေထိုင်မှုများကြောင့် ယင်းကဲ့သို့ လုပ်ငန်းရှိနေခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ရန်ကုန်မြို့တွင်း နိုင်ငံခြားသားဧည့်သည်များ တည်းခိုနေထိုင်ရန် တရားမဝင် Home Stay အလုံး ၆ဝထက်မနည်း ရှိနေသည့်အတွက် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအနေနှင့် နစ်နာမှုရှိကာ ဝန်ကြီးဌာနမှ အရေးယူသင့်ကြောင်း
ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။
''အခွန်ဆောင်ပြီးလုပ်နေတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအတွက် ဒီလုပ် ငန်းက ဝင်ငွေလျော့စေတယ်။ လာတည်းတဲ့ ဧည့်သည်နည်းလာတာပေါ့။
နိုင်ငံတော်အတွက်လည်း အခွန်ဆုံးရှုံးတယ်''ဟု ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ံHome Stay လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် တရားဝင်ဖြစ်လာရန် လွှတ်တော်တွင် ဆွေးနွေးတင်ပြထားကြောင်း ဦးတင့်သွင်က
ပြောကြားသည်။
No comments:
Post a Comment