မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
စစ်တွေ-သံတွဲကားလမ်းမကြီးကိုလုံခြုံရေးတိုးမြှင့်
စစ်တွေ-သံတွဲကားလမ်းမကြီးကိုလုံခြုံရေးတိုးမြှင့်
*****************************************
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀- စစ်တွေ- သံတွဲကားလမ်းမကြီးပေါ် တွင် လုံခြုံ ရေး တိုးမြှင့်ထားခြင်းကြောင့် ခရီးသွား လာရာတွင် အခက် အခဲရှိကြောင်း ဒေသခံများက ပြောသည်။
''တိုက်ပွဲဖြစ်တာက ၂၀၁၅ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်ကဖြစ် တာဆိုတော့ တစ်လလောက်တော့ရှိ ပြီ။ အဲဒီကတည်းက စပြီးတော့ လမ်း တွေမှာ အစစ်အဆေးတွေက တော် တော်များလာတယ်။ အခုနောက်ပိုင်း မှာပိုဆိုးလာတယ်။ ဟိုတုန်းက စစ်တွေ ကနေ မြောက် ဦးကိုသွားမယ်ဆိုရင် ဂိတ်အနေနဲ့ဆိုရင် တစ်ခုနှစ်ခုလောက် ပဲရှိတယ်။ အခုက စစ်တွေမြို့နယ်အ တွင်းမှာပဲ လေး ခုလောက်ဖြစ်နေပြီ။ အဲဒါရန်ကုန်-စစ်တွေလမ်းမပေါ်မှာ ပါ''ဟု ရခိုင်ပြည်နယ်စစ်တွေအခြေ စိုက်ဝံ လက်ဖောင်ဒေး ရှင်းမှ ကိုဝေဟင် အောင်က ပြောသည်။
ယခင်နှစ်ကုန်ပိုင်းအတွင်းက ကျောက်တော်နှင့် မြောက်ဦးကြားနယ် စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပိုင်း ယခုနှစ်အစောပိုင်းတွင် စစ်တွေ မြို့အပါအဝင် ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသတချို့နယ်များတွင် လုံခြုံ ရေးတိုးမြှင့်ချထားခြင်းနှင့်မြို့ဝင်ဂိတ် များတိုးချဲ့ချ ထားကြောင်း ဒေသခံများ က ပြောသည်။
''အခုဆိုရင် မှတ်ပုံတင်မပါရင် သွားလို့မရတဲ့ အခြေအနေဖြစ်နေ ပြီ။ ထောက် ခံစာ နဲ့တောင် မရတော့ဘူး။ နောက်ပိုင်းဆိုရင် စစ်တွေမြို့ တွင်းက ဂိတ်တွေကအများကြီးစစ်တယ်။ ည ကျရင်လုံခြုံရေးတွေ ကလည်း နေရာ တိုင်းမှာဆောင်ရွက်လာကြတာ တွေ့ လာရပါ တယ်'' ဟု ကိုဝေဟင်အောင် က ဖေဖော်ဝါရီ၉ ရက်တွင် ပြောသည်။
ယင်းအပြင် စစ်တွေမြို့နယ်အ တွင်းတွင် ခရီးသွားရာတွင်လည်း မှတ် ပုံတင်ဆောင်ထားရပြီး မှတ်ပုံတင်မရှိ သည့် ကျေးရွာ တချို့ မှဒေသခံများ မှာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ၏ ထောက်ခံစာဖြင့် သွားလာ၍မရ တော့ဟုဆိုသည်။
''ကျွန်တော် တို့ ရန်ကုန်-သံတွဲ ဘက်လမ်းကြောကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ သံတွဲ-စစ်တွေသွားတဲ့အခါ မှာတော့ စစ်ဆေးရေးတွေတော်တော် ကျပ်တယ်။ အရင်ကထောက်ခံစာနဲ့ ရတယ်။ အခုထောက်ခံစာသမားကို သွားခွင့်မပေးဘူး၊ ပြန်လွှတ် တယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်က လူတွေက အများအားဖြင့်ကျေးရွာလူ တွေကမှတ်ပုံတင်မလုပ်ကြဘူး၊ အခု လိုမျိုးဖြစ်တဲ့ အခါကျတော့ အခက် အခဲတွေ တော်တော်ဖြစ်သွားတယ်''ဟု ရန်ကုန်-စစ်တွေလမ်းပိုင်းမှ သံတွဲ ဂိတ်မှူးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်တွင် ဖေဖော်ဝါရီ ၆ရက် က မော် တော် ယာဉ်ပေါ်မှ လက်နက်နှင့်ဖမ်း ဆီးရမိသည့်အမျိုးသား တစ်ဦးမှာ ရန်ကုန်တွင်နေထိုင်ပြီး ရခိုင်တပ်မ တော်အတွက် လက်နက် များဝယ်ယူ ထောက် ပံ့နေသူတစ်ဦးဖြစ်ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်မြို့များ သို့ပြေးဆွဲနေ သည့်မော်တော်ယာဉ် လိုင်းများ ယခင်ထက်ပိုမိုစစ်ဆေးခံရ လာနိုင်ပြီး အဝေးပြေးလမ်းတွင်လည်း ယခင်ထက်ပိုမို လုံခြုံရေးတင်းကျပ် သွားဖွယ် ရှိနေ သည်ဟု ဒေသခံ လူမှု ရေးအဖွဲ့အစည်း များနှင့် မော်တော် ယာဉ်ဂိတ်မှူးအချို့က ပြောသည်။
''ဒီနေ့ရခိုင်တပ်မတော်အတွက် လက်နက်အဝယ်တော် တစ်ယောက် ကိုမိတယ်ဆိုတဲ့သတင်းကြောင့် ပိုပြီး တင်းကျပ်လာနိုင်တယ်။ ညပိုင်းဆိုရင် တော်တော်လေးကိုပိုစစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ တစ်နေ့ ကပဲ မြောက်ဦးကနေ စစ်တွေကိုပြန် လာတာ လမ်းမှာတောက်လျှောက် ကိုစစ်တာ၊ မှတ်ပုံတင်စစ်တယ်၊ လူကို စစ်တယ်၊ ကားပေါ်ကိုလည်းစစ်တယ်၊ ဒီလိုအတိုင်းဆိုရင်တော့ ပိုပြီးစစ်လာ နိုင်လောက်တယ်''ဟု ဝံလက်ဖောင် ဒေးရှင်းမှ ကိုဝေဟင်အောင်က သုံး သပ်ပြောကြားခဲ့သည်။
''သံတွဲနဲ့ရန်ကုန်ကတော့ ဒီရာသီ ကတော့ခရီးသွားပါးတယ်။ ကလေး တွေ စာမေးပွဲနီးတော့လည်း နည်း နည်းပါးတာပေါ့။ ဟိုဘက်(သံတွဲ -စစ် တွေ) ကတော့ အစစ်အဆေးကြောင့် ပါးပါတယ်။ အစစ်အဆေးတွေများ ပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း မှာတော့ လုံခြုံရေးတိုးချထားတာမရှိ ပါဘူး''ဟု သံတွဲဂိတ်မှူးဦးကျော်ကျော် ကပြောသည်။
TS
#Democracytoday
No comments:
Post a Comment