မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
ဂျာမန်အောက်ဇဝစ်အကျဉ်းစခန်းမှာ လူပေါင်း တစ်သိန်း ခုနှစ်သောင်း အသတ်ခံရတဲ့ အမှုနဲ့ ဆက်စပ်ပြီးနာဇီအကျဉ်းစခန်းစောင့် ဟောင်းတစ်ယောက်ကို ဒီကနေ့ တရားရုံးစပြီး ထုတ်ပါတယ်။
ဂျာမန်အောက်ဇဝစ်အကျဉ်းစခန်းမှာ လူပေါင်း တစ်သိန်း ခုနှစ်သောင်း အသတ်ခံရတဲ့ အမှုနဲ့ ဆက်စပ်ပြီးနာဇီအကျဉ်းစခန်းစောင့် ဟောင်းတစ်ယောက်ကို ဒီကနေ့ တရားရုံးစပြီး ထုတ်ပါတယ်။
အမှုရင်ဆိုင်နေရတဲ့ Reinhold Hanning ဟာ အသက် ၉၄ နှစ်ရှိပါပြီ။ ဂျူးအကျဉ်းသားတွေ စခန်းကို ရောက်လာတဲ့ အချိန်မှာ သူက စခန်းထဲ ခေါ်သွင်းခဲ့ပြီး တချို့ကို သူတို့ကို သတ်ဖြတ်မယ့် ဓာတ်ငွေ့ခန်းတွေဆီလည်း သူခေါ်သွားခဲ့လိမ့်မယ်လို့ အမှုစွဲအရာရှိတွေက ဆိုပါတယ်။
မစ္စတာဟန်းနင်းကတော့ ဒီဖြစ်ရပ်တွေဟာ သူနဲ့ မပတ်သက်ကြောင်း သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။ အခုလို အကျဉ်းစခန်းအစောင့်တွေကို တရားစွဲဆိုတဲ့ အစဉ်အလာကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအမှုအနေနဲ့ အစောင့် Ivan Demjanjuk ဆိုသူကို အရေးယူခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment