မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
ဖားကန့်တွင် ကျောက်တူးဖော်နေသော ကုမ္ပဏီများအား ကန့်ကွက်သည့် အနေဖြင့် မြေစာသယ်ယာဉ် သွားရာလမ်းများတွင် ဒေသခံများ ဆန္ဒထုတ်ဖော်
ဖားကန့်တွင် ကျောက်တူးဖော်နေသော ကုမ္ပဏီများအား ကန့်ကွက်သည့် အနေဖြင့် မြေစာသယ်ယာဉ် သွားရာလမ်းများတွင် ဒေသခံများ ဆန္ဒထုတ်ဖော်
ဆန္ဒထုတ်ဖော်မှု အားလုံးခင်းကျေးရွာ အုပ်စုအတွင်း မဇွပ်ယန် ကျေးရွာနှင့် ဆိုင်းရာရွာသစ် ကျေးရွာအနီးရှိ မြေသယ်ကားများ သွားလာရာ နေရာသုံးနေရာ၌ လည်းကောင်း၊ ဆိပ်မူကျေးရွာ အုပ်စုအတွင်းရှိ မြေသယ်ကားများ အဓိက သွားလာရာလမ်းမ၌ လည်းကောင်း နံနက် ၁၀ နာရီမှ စတင်ကာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုအား မည်သည့် အဖွဲ့အစည်းဟူ၍ အမည်တပ်ခြင်း မရှိဘဲ ပြည်သူလူထု အနေဖြင့်သာ ဦးဆောင်လုပ်ခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ရသည့် အဓိက အကြောင်းရင်းမှာ အများပြည်သူပိုင် လမ်းများတွင် ကုမ္ပဏီ မြေစာသယ်ကားများ သွားလာနေခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်ကို မကြည့်ဘဲ စည်းကမ်းမဲ့ စွန့်ပစ်မြေစာပုံများ ပုံနေခြင်း၊ ယမ်းသိပ်သည်းဆ အများအပြားဖြင့် ကျောက်မိုင်းခွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမှုတို့ ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် --->>>http://goo.gl/Frv8bO
No comments:
Post a Comment