Tuesday, February 9, 2016

ကျွန်တော်မေးလိုက်တာက - မင်းနဲ့ငါက ဘာလူမျိုးလဲဆိုတော့ မြန်မာတဲ့

သူငယ်ချင်းက ၅၉ (စ) ပြင်သင့်လားမပြင်သင့်လားတဲ့ လာမေးတယ် ၊
ပြင်ပြင်မပြင်ပြင် ငါတို့ နဲ့မှမဆိုင်တာလို့ပြောတော့ သူက မင်းမြန်မာနိုင်ငံသားမဟုတ်ဘူးလား ၊ မင်းတို့လိုကောင်တွေကြောင့်ခက်တာတဲ့ ၊

ကျွန်တော်ပြန်မပြောဘဲနေမလို့ မပြောဘဲလဲမနေနိုင်တော့ မေးခွန်းလေးတွေသူ့ကိုပြန်မေးမိတယ်
သူကလည်းပြန်ဖြေပြီးမကျေမနပ်
နဲ့ပြန်သွားတယ် ၊

ကျွန်တော်မေးလိုက်တာက -
မင်းနဲ့ငါက ဘာလူမျိုးလဲဆိုတော့  မြန်မာတဲ့
မင်းအဖေအမေကကော             မြန်မာ
မင်းမိန်းမကကော                     မြန်မာ
မင်းသားသမီးတွေကကော          မြန်မာ
ဒါဆိုငါတို့အတွက် ပြင်ဖို့လိုလား     မလိုဘူး
ဘယ်သူအတွက်ပြင်ဖို့လိုလဲဆိုတော့  မဖြေဘူး
ကျွန်တော်ဖြေပေးလိုက်တယ် မြန်မာမဟုတ်တဲ့သူတွေ အတွက် လိုတာလို့ ၊

စည်သူတင်စိုး

No comments:

Post a Comment