Thursday, February 11, 2016

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာမည်

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာမည် ----------------------------------------------------- ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် လေပြင်းတိုက်ခတ်ပြီး မိုးအနည်းငယ်ထစ်ချုန်းရွာသွန်းနိုင် ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးနိုင် ကြောင်း ၎င်းကပြောဆိုသည်။ “ဖေဖော်ဝါရီမှာ လေဖိအားနည်းရပ်ဝန်းတွေဖြစ်တတ်တယ်။ ဒါပေမဲ့ အခု လေဖိအားနည်းရပ်ဝန်းက အားကောင်းလာနိုင်ဖို့ သိပ်မရှိပါဘူး”ဟု အဆိုပါဌာန ညွှန်ကြာရေးမှူး ဦးကျော်လွင်ဦးကဆိုသည်။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေထုမငြိမ်မသက်မှုများကြောင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းအမြင့် လေးပေခန့်အထိရှိနိုင်ပြီး မြန်မာ နိုင်ငံမြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းဒေသများတွင် မိုးအနည်းငယ်ထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

No comments:

Post a Comment