မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 25, 2016
"ကော့ကရိတ်ကရွာတစ်ရွာမှာ တောကောင်ဝင်ကိုက်"
"ကော့ကရိတ်ကရွာတစ်ရွာမှာ တောကောင်ဝင်ကိုက်"
ကော့ကရိတ်မြို့နယ် ရေလည်ကုန်းကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက
ရွာသားနှစ်ဦး တောကောင်အကိုက်ခံခဲ့ရပြီး ဒဏ်ရာရခဲ့ကာ ရဲတပ်ဖွဲ့နှင့် ကျေးရွာသားများက ယင်းတောကောင်ကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းရှိသည်။
မျက်မြင်တွေ့သူများက ဝက်ဝံဟုယူဆထားသော တောကောင်တစ်ကောင်မှာ ရေလည်ကုန်းရွာအတွင်း နံနက် ၅ နာရီခန့်တွင် ဝင်ရောက်လာကာ ရွာသားများနှင့် ထိပ်တိုက်တွေ့မိပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် အရိပ်စစ်နှလုံးသားပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
" မနက် ၅ နာရီက တစ်ခါ ၇ နာရီခွဲလောက်က တစ်ခါ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒဏ်ရာရသွားတဲ့သူ နှစ်ယောက် အခုဆေးရုံရောက်နေပြီ။ တစ်ယောက်က ဒဏ်ရာ ပြင်းတယ်။ရဲဘော်တွေနဲ့ ရွာသားတွေ တောကောင်နောက် လိုက်နေကြပြီ။ အခုတင် သေနတ်သံကြားတယ်။ တောထဲမှာ တွေ့နေပြီထင်တယ် " ဟု ၄င်းက နံနက် ၉ နာရီခန့်က ပြောသည်။
ကော့ကရိတ်မြို့နယ် ကျေးရွာအများစုမှာ သစ်ပင်ကြီးများ ပေါများစွာ ရှိနေသေးသည့် ဒေါနတောင်တန်းကြီးနှင့် ထိစပ်နေပြီး တောကောင်အမျိုးအစားများစွာ ကျက်စားနေသေးသည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
No comments:
Post a Comment