မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
၅ မိနစ်အတွင်း ခေါင်းကိုက်သက်သာစေမည့်နည်း
၅ မိနစ်အတွင်း ခေါင်းကိုက်သက်သာစေမည့်နည်း
ခေါင်းကိုက်ခြင်းကို ၅ မိနစ်အတွင်းပျောက်သွားအောင် ကုနိုင်တဲ့ အလွယ်ဆုံးကုထုံးလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီကုထုံးဟာ အိန္ဒိယမှ ပါရဂူကြီးများကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက လူပေါင်းများစွာတို့ လက်တွေ့ကုသပျောက်ကင်းခဲ့သည့် သဘာဝကုထုံးတစ်ခု ဖြစ်ပါတယ်။
ကျနော်တို့တတွေဟာ နှာခေါင်းပေါက်နှစ်ဖက်စလုံးကို အသက်ရှုသွင်းဖို့နဲ့ ရှုထုတ်ဖို့အတွက် အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ နှစ်ပေါက်စလုံး ပြိုင်တူ အလုပ်မလုပ်ကြပါဘူး။ အခုပဲ သင်ကိုယ်တိုင် စမ်းကြည့်ပါ။ တစ်ဖက်တည်းကသာ အလုပ်လုပ်နေတာကို ခံစားမိသွားမှာပါ။
သူတို့မှာ မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေ ရှိနေပါတယ်။ ညာဘက်နှာခေါင်းပေါက်ဟာ The Sun - နေမင်းကို ကိုယ်စားပြုပြီး အပူဓါတ်များကို ကိုယ်စားပြုပါတယ်။
ဘယ်ဘက်နှာခေါင်းပေါက်ကတော့ The moon - လမင်းကို ကိုယ်စားပြုပြီး အအေးဓါတ်ကို ကိုယ်စားပြုပါတယ်။
ခေါင်းကိုက်သက်သာအောင် ပြုလုပ်ရမည့် နည်းလမ်း
ခေါင်းကိုက်နေစဉ်မှာ ညာဘက်နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ။
ပြီးရင် ဘယ်ဘက်နှာခေါင်းနဲ့သာ အသက်ရှူကြည့်ပါ။
၅ မိနစ်ခန့်အကြာမှာ ခေါင်းကိုက်သက်သာလာတာကို လက်တွေ့ ခံစားလာရပါလိမ့်မယ်။
ဒီကုသနည်းဟာ ခေါင်းကိုက်ပျောက်ရုံတင်မကပဲ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာလည်း ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နှာခေါင်းကိုတော့ ဘယ်နဲ့ညာကို အပေါ်ကနည်းနဲ့ပြောင်းပြန် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒီသဘာဝကုထုံးလေးကို သင်ဟာ အခုမှစတင်ပြီး လုပ်ကြည့်တာဆိုရင် ချက်ချင်းကြီး သိသိသာသာ ခံစားမိမှာမဟုတ်သေးပါဘူး။ ဒီနည်းကို မကြာခဏ လေ့ကျင့်ပေးရင် တစ်လအတွင်းမှာ အလေ့အကျင့်ရသွားပြီး အကျိုးထူးကို ချက်ချင်းခံစားမိစေမှာ ဖြစ်ပါတယ်။
လူသားအားလုံး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။ သငိ့မိတ်ဆွေတို့ကိုလည်း မျှဝေပေးနိုင်ကြပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - Natural Therapy For Headaches
စောနွဲ့ နေဆိုင် - ပူတာအို
.
No comments:
Post a Comment