မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
စစ်ကိုင်းတိုင်းတွင် ၂ ရက်အတွင်း ရေနစ်သေဆုံးမှု ၃ ခု ဖြစ်ပွား ကလေးငယ် ၂ ဦးနှင့် လူလတ်ပိုင်း ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်းတွင် ၂ ရက်အတွင်း ရေနစ်သေဆုံးမှု ၃ ခု ဖြစ်ပွား ကလေးငယ် ၂ ဦးနှင့် လူလတ်ပိုင်း ၁ ဦး သေဆုံး
--------- -------- -------
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက် ၊ နှစ်ရက်အတွင်း ရေနစ်သေဆုံးမှု ၃ ခု ဖြစ်ပွားခဲ့ပြီး ကလေးငယ် နှစ်ဦးနှင့် လူလတ်ပိုင်း တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ကြောင်း မော်လိုက်မြို့မ ရဲစခန်းမှ သိရှိရသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မော်လိုက်မြို့နယ်၊ မှန်ပင်ကျေးရွာတွင် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသား တစ်ဦး ရေအိုင်အတွင်း ရေဆင်းချိုးရာမှ ရေနစ် သေဆုံးခဲ့သဖြင့် မော်လိုက်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ် ၂/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
"ရေနစ်သေဆုံးလို့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်" ဟု မော်လိုက်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ကသာမြို့နယ်၊ ရေပုတ်ရွာဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ၅ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသည် ဖခင်နှင့်အတူ ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ ရေထဲပါသွားသဖြင့် လိုက်လံ ဆယ်ယူသော်လည်း ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဆိပ်ကမ်းကို ရေသွားချိုးရင်းနဲ့ ရေနစ်သွားတာပါ၊ ရေနစ်သေဆုံးပြီး လာအကြောင်းကြားပါတယ်။ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၆ နဲ့ အမှုဖွင့်ထားပါတယ်" ဟု ကသာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွေးကျေးရွာ၊ ရတနာမာန်အောင် ဘုန်းကြီးကျောင်း အတွင်းရှိ ရေကန်ဘောင်ပေါ်သို့ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး အပေါ့စွန့်ရာမှ အရက်အမူးလွန်၍ ရေကန်အတွင်း လိမ့်ကျ ရေနစ်သေဆုံးခဲ့ပြီး မုံရွာမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment