မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
တရားမဝင်ရွှေတူးဖော်မှုများကို စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူမည် -----------------------------------------------
တရားမဝင်ရွှေတူးဖော်မှုများကို စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူမည်
-----------------------------------------------
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေ တူးဖော်နေမှုများကို စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ငါးမိုင်ကျေးရွာရှိ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့နယ်အတွင်း တရားဝင်လျှောက်ထားလုပ်ကိုင်ခြင်းမရှိသော ရွှေသတ္တု တူးဖော်ခြင်းလုပ်ငန်းများကိုအရေးယူနိုင်ရန် သက်ဆိုင်ရာမြို့နယ်အဖွဲ့ အစည်းများကို တင်ပြထားပြီး စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီးပါက စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
“ဖမ်းဆီးအရေးယူမှုအပိုင်းက ကျွန်တော်တို့ဌာနတစ်ခုတည်း လုပ်လို့မရ တဲ့အတွက် ထွေအုပ်ကို စစ်ဆေးရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့စာ တင် ထားပြီးပါပြီ။ တရားမဝင်ရွှေတူးဖော်နေမှုတွေကြားသိလာရတဲ့အတွက် အမြန်ဆုံးစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖမ်းဆီးအရေးယူသွားမယ်”ဟု ၎င်းက ဆိုသည်။
သပိတ်ကျင်းမြို့နယ် လေးမိုင်ကျေးရွာအုပ်စု ကျွဲပုန်းကျေးရွာ တောင်ယာ အနီး တောင်ယာစိုက်ပျိုးလုပ် ကိုင်နေသောနေရာများတွင် တရားမဝင်ရွှေ သတ္တုတူးဖော်ထုတ်လုပ်နေမှုများကို ဒေသအတွင်းရှိတောင်သူများက တရားဝင်တိုင်စာများပေးပို့ တိုင်ကြားထားကြောင်း ယင်းကျေးရွာဒေသ ခံတောင်သူ တစ်ဦးက ပြောကြားသည်။
No comments:
Post a Comment