Wednesday, February 10, 2016

တပ်မတော်လေယာဉ် ပျက်ကျမှုအပေါ် သတင်းယူခွင့်ကို တားမြစ်ခံရတဲ့ မီဒီယာသမားတစ်ချို့ရဲ့ မကျေနပ်ချက် အသံတွေ တွေ့ရပါတယ်....... နိုင်ငံပိုင် မီဒီယာက ရိုက်ခွင့်ရှိပြီး သူတို့ မရိုက်ရကောင်းလား ရေးသားထားတာကို တွေ့ရတာကြောင့် အနည်းငယ် ထောက်ပြချင်ပါတယ်.....

တပ်မတော်လေယာဉ် ပျက်ကျမှုအပေါ် သတင်းယူခွင့်ကို တားမြစ်ခံရတဲ့ မီဒီယာသမားတစ်ချို့ရဲ့ မကျေနပ်ချက် အသံတွေ တွေ့ရပါတယ်....... နိုင်ငံပိုင် မီဒီယာက ရိုက်ခွင့်ရှိပြီး သူတို့ မရိုက်ရကောင်းလား ရေးသားထားတာကို တွေ့ရတာကြောင့် အနည်းငယ် ထောက်ပြချင်ပါတယ်.....

တပ်မတော်ပိုင် မီဒိယာကတော့ ဖြစ်ရပ် စ ဆုံး ကို အကုန် မှတ်တမ်းတင်လေ့ ရှိပါတယ်...... နိုင်ငံတကာမှာလည်း တပ်နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ သတင်းတွေကို တပ်ဖက်ကသာ အသေးစိတ် သတင်းရယူလေ့ရှိပါတယ်...… ပြည်သူကို ထုတ်ပြတာ ထုတ်မပြတာက တစ်ပိုင်းပါ......

ဒီလို ရိုက်ကူးမှုတွေဟာ မှတ်တမ်းတွေလည်း ဖြစ်သလို သင်တန်းတွေမှာလည်း ပြန်လည် ပို့ချကောင်း ပြန်လည်ပို့ချမယ်...... Un-classified ဖြစ်သွားတဲ့ တစ်ချိန်မှာတော့ ထုတ်ပြကောင်း ပြမယ်..... အဲ့ဒါကို လက်ညှိုးထိုးပီး ကျန်တဲ့ သတင်းသမားတွေကို ပေးမရိုက်ဘူးလား ပြဿနာရှာလို့ မရဘူး......

Un-classified နဲ့ Classified ကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်....... ဘယ်နိုင်ငံမှာမဆို တပ်တွင်း မတော်တဆ ဖြစ်မှုတွေဟာ Classified အနေနဲ့သာ သတ်မှတ်ထားပြီး အချိန်အတိုင်းအတာ တစ်ခုမှ ထုတ်ပြန်ပါတယ်...... လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အမတ်တွေက လူထုအတွက် လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာ အများပြည်သူ သိသင့်တဲ့ Un-classified ပါ…….

အများပြည်သူ သိသင့်တဲ့ Un-classified ကို သတင်းယူခွင့် ထိမ်းချုပ်ခံရခြင်းကို မကျေနပ်တာနဲ့ National Security ဖြစ်တဲ့ တပ်ရဲ့ မတော်တဆဖြစ်မှု သတင်းအချက်အလက်တွေကို အသေးစိတ် ရယူလို့ မရတဲ့အပေါ် ပြဿနာရှာနေတာဟာ ဝမ်းစာ အားနည်းတာလားလို့ မေးချင်ပါတယ်......

ကမ္ဘာ့ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံမှာ Area 51 ကို ဘယ်သတင်းသမားမှ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့မရသလို အဲ့ဒိ ဒေသမှာ အလုပ်သွားလုပ်နေတဲ့ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အများပြည်သူသုံး ခရီးသည်တင် လေဆိပ်တွေကနေ ပို့ဆောင်နေတာတွေကိုလည်း သတင်းနှိုက်ယူလို့ မရပါ.......

အလားတူပါပဲ...... မြန်မာပြည်မှာလည်း ဒီမိုကရေစီအစိုးရ တက်လာတယ်ဆိုသော်ငြား ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဧရိယာထဲ ခွင့်ပြုချက်မရှိ သတင်းဝင်ယူမယ်ဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအရ အရေးယူခံရမယ်ဆိုတာ သဘောပေါက်စေလိုပါတယ်......
Credit: Voice of James Mint
Photo ~ MOI

No comments:

Post a Comment