မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
မကွေးတိုင်းဒေသကြီးလွှတ်တော်၌ သတင်းမီဒီယာများ တစ်ပြေးညီ သတင်းယူခွင့်မရ ------ ------ ------
မကွေးတိုင်းဒေသကြီးလွှတ်တော်၌ သတင်းမီဒီယာများ တစ်ပြေးညီ သတင်းယူခွင့်မရ
------ ------ ------
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် သတင်းမီဒီယာများ ပထမဆုံး အကြိမ် တက်ရောက်သတင်းယူခွင့် ရရှိခဲ့ကြသော်လည်း မီဒီယာများအားလုံး တစ်ပြေးညီသတင်းယူခွင့်မရရှိခဲ့ ကြကြောင်း မီဒီယာသမားများထံမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက် တွင်
ကျင်းပခြင်းဖြစ်သည်။
“ကျွန်တော်တို့ သတင်းမီဒီယာသမား ၁၂ ဦး လွှတ်တော်သတင်းယူခွင့် လျှောက်ထားခဲ့စဉ်က လွှတ်တော်ရုံးနေ ရာ အကျယ်အဝန်း အနေအထားအရ သတင်းသမားတွေ လွှတ်တော်အတွင်း ဝင်ရောက်သတင်းယူခွင့်
ပေးလို့မရဘူး။ အောက်မှာပဲစောင့်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆင်းလာတဲ့အခါမှ အင်တာဗျူးကြဖို့ ပြောလို့ တိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌက အချက်သုံးချက်နဲ့ တင်ပြအကြံပြုခဲ့ပေမယ့် ဒီနေ့ အခင်းအကျင်း အရတော့ တစ်ချက်မှဆောင်ရွက်ပေးတာ မတွေ့ရပါဘူး” ဟု မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (မကွေးတိုင်းဒေသ ကြီး) မှ အတွင်းရေးမှူး ဦးဌေးလွင်သောင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် စတင်ကျင်းပသည့်နေ့တွင် လွှတ်တော်သတင်းယူရန် ရောက်ရှိလာသော မီဒီယာသမားများကို လွှတ်တော်ရုံးမှ ဝန်ထမ်းများက Sky Net၊ RFA၊ DVB နှင့် ပြန်/ဆက်တို့ကိုသာ ဓာတ်ပုံနှင့်
ဗီဒီယို ရိုက်ယူခွင့်ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးအောင်ချိုဦးကလည်း “ကျန်မီဒီယာသမား Sky Net၊ RFA၊ DVB နဲ့ ပြန်/ဆက် ဆီကတစ်ဆင့် သတင်းနဲ့ ဓာတ်ပုံ ရယူကြပါ ”ဟု မီဒီယာသမားများထံ ပြောကြားခဲ့ကြောင်းသိရသည်။
“လွှတ်တော်နဲ့ ပြည်သူလူထုကြားမှာ မီဒီယာဟာ ပေါင်းကူးတံတားသဖွယ် ဒီမိုကရေစီယဉ်ကျေးမှုရှိမယ်ဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောရဲပါတယ်။ မီဒီယာအပေါ် မျှမျှတတဆက်ဆံတာ အကောင်းဆုံးပါပဲ။ သို့သော် အခုပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးက
ပြီးခဲ့တဲ့လွှတ်တော်က အကူးအပြောင်းဖြစ်လို့ လက်ရှိဝန်ထမ်းတွေကပဲ ဦးဆောင်ကျင်းပတာဖြစ်ပြီး သူတို့မှာလည်း စိန်ခေါ်မှုတွေတော့ ရှိနေမှာပါ”ဟု မင်းဘူး ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်ကပြောသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြု ခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် စလင်း ၁ မဲဆန္ဒနယ်မှ ဦး တာ၊ ဒုတိယဥက္ကဋ္ဌအဖြစ် မြို့သစ် ၂ မဲဆန္ဒနယ်မှ ဦးဇော်မျိုးဝင်း၊ သဘာပတိအဖြစ် ချောက် ၁ မဲဆန္ဒနယ်မှ
ဒေါ်စန်းစန်းဝင်းတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်းသိရသည်။
သတင်း - MMK
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment