မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 4, 2016
ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီများ စတင်ဖွဲ့စည်း
ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီများ စတင်ဖွဲ့စည်း
-----------------------------------------------------
အမြဲတမ်းကော်မတီများဖြစ်သော ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း
ကော်မတီတို့ကို ယနေ့(ဖေဖော်ဝါရီ ၄ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်တို့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သက်ဆိုင်ရာ လွှတ်တော်
ကိုယ်စားလှယ်များထံမှ သိရသည်။
သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးများတွင် ကော်မတီများ၏ ဥက္ကဋ္ဌများ၊
အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ပြည်သူ့
လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ် နောင်ချိုမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ကိုလည်းကောင်း၊ ပြည်သူ့ ငွေစာရင်း
ကော်မတီဥက္ကဋ္ဌအဖြစ် ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းတို့ကို တာဝန်ပေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က
လွှတ်တော်သို့ တင်ပြခဲ့သည်။
"အန်ကယ်တို့ကတော့ ပါတီကနေ ကိုယ့်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခိုင်းတာ
ဆိုတော့ လုပ်မှာပါ။ ကြိုပြီးတော့ သိမထားပါဘူး" ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။
ထို့အတူ အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးဇော်မင်းကိုလည်းကောင်း၊
ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂မှ
ဦးစောမိုးမြင့်ကိုလည်းကောင်း ခန့်အပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
No comments:
Post a Comment