Wednesday, February 10, 2016

တစ်ခါလာလဲ သန်းငါးဆယ်က ... အုန်းအုန်းကြွက်ကြွက် ထောက်ခံတဲ့ ပါတီ ....

တစ်ခါလာလဲ သန်းငါးဆယ်က ...
အုန်းအုန်းကြွက်ကြွက် ထောက်ခံတဲ့ ပါတီ ....

တစ်ခါလာလဲ လူထု တစ်ရပ်လုံးက ...
အူလှိုက်သည်းလှိုက်ထောက်ခံတဲ့ ပါတီ ...

တစ်ခါလာလဲ ပြည်သူ အားလုံးက ...
အရူးအမူး ၀န်းရံတဲ့  ပါတီလို့  ....
အောက်ကလိအာ ပြောပါများတဲ့ အခါ ...

အပင်ပန်းခံပြီး ...
မဲစာရင်းတွေ ချပေါင်းဖို့ ဖြစ်လာရတယ် ....

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၀က်ဆိုဒ်မှာက ...
လွှတ်တော်အမတ် ...
တစ်ဦးချင်းအလိုက် ရတဲ့ မဲတွေကိုသာ ....
မြို့ နယ်အလိုက် ဖော်ပြထားသမို့  ...

NLD ပါတီ ရဲ့ ....
ပြည်နယ်နဲ့ တိုင်းအလိုက် ရတဲ့ မဲစာရင်းတွေကို ....
စိတ်ရှည် လက်ရှည် တစ်နေကုန် ထိုင်ပြီး ....
ချပေါင်းမိပါတယ် ....

ဟုတ်ကဲ့  ...
ရလာဒ်ကတော့ .....
အောက်မှာဖော်ပြထားတဲ့  အတိုင်းဖြစ်ပါတယ် ...
:D :D :D :D :D

ပြည်သူ့ ပါတီ မေမေ့ပါတီ ....
သန်းငါးဆယ်လုံး ထောက်ခံတဲ့ ပါတီ ...

အရေးတော်ပုံ အောင်ရမည် ....
:P :P :P :P :P :P

( ရဲမိုး )
========================

ပြည်သူ့  လွှတ်တော်
============
မဲပေးခွင့်ရှိသူ - ၃၄၂၉၅၃၃၄
မဲမပေးသူ- ၁၀၃၈၃၅၅၀
မဲပေးသူ-၂၃၉၁၁၇၈၄
NLD မဲပေးသူ - ၁၂၇၃၂၃၁၀
အခြားပါတီများ မဲပေးသူ - ၁၁၁၇၉၄၈၂

အမျိုးသား လွှတ်တော်
============
မဲပေးခွင့်ရှိသူ - ၃၂၄၉၅၃၃၄
မဲမပေးသူ- ၁၀၃၄၈၆၂၅
မဲပေးသူ-၂၃၉၄၆၇၀၉
NLD မဲပေးသူ - ၁၂၈၉၄၆၂၃
အခြားပါတီများ မဲပေးသူ - ၁၁၀၅၂၀၈၆

Ps ။ မဲ အရေအတွက် ကွာခြားချက်များမှာ
ပယ်မဲ ၊ ကန့် ကွက်မဲ အစရှိသည်တို့ ဖြစ်ပါသည် ။

=========================================

ပြည်သူ့ လွှတ်တော် ပြည်နယ်/တိုင်း အလိုက် NLD မဲရရှိမှု ဇယား
--------------------------------------------------------------
ရန်ကုန် ၄၈ မြို့ နယ် ----- မဲပေးသူ ၃၂၄၄၅၅၃
---- NLD မဲ     ၂၁၉၀၄၂၁ ---- အခြားပါတီများ၏ မဲ ၁၀၅၄၁၃၂

မန်းလေး ၃၆ မြို့ နယ် --- မဲပေးသူ ၃၇၈၇၈၁၈
----- NLD မဲ     ၂၀၉၆၆၅၇ ---- အခြားပါတီများ၏ မဲ ၁၆၉၁၁၆၁

စစ်ကိုင်း ၃၇ မြို့ နယ် --- မဲပေးသူ ၂၈၄၃၈၀၉
---- NLD မဲ     ၁၈၄၁၀၄၁ --- အခြားပါတီများ၏ မဲ ၁၀၀၂၇၆၈

မကွေး ၂၅ မြို့ နယ် --- မဲပေးသူ ၂၃၁၈၆၂၈
---- NLD မဲ     ၁၄၆၅၂၃၄ --- အခြားပါတီများ၏ မဲ ၈၅၃၃၉၄

ပဲခူး ၂၈ မြို့ နယ် --- မဲပေးသူ ၂၅၃၂၄၁၀
--- NLD မဲ     ၁၄၅၈၇၀၅ --- အခြားပါတီများ၏ မဲ ၁၀၇၃၇၀၅

ဧရာဝတီ ၂၆ မြို့ နယ် --- မဲပေးသူ ၃၃၂၂၆၁၃
--- NLD မဲ     ၁၆၇၃၆၄၆ --- အခြားပါတီများ၏ မဲ ၁၆၄၈၉၆၇

တနင်္သာရီ ၁၀ မြို့ နယ် -- မဲပေးသူ ၆၁၈၇၇၂
--- NLD မဲ     ၄၀၈၉၇၈ --- အခြားပါတီများ၏ မဲ ၂၀၉၇၉၄

ကချင် ၁၈မြို့ နယ် --- မဲပေးသူ ၅၉၉၆၄၃
--- NLD မဲ     ၂၅၂၄၀၆ --- အခြားပါတီများ၏ မဲ ၃၄၇၂၃၇

ကယား ၇ မြို့ နယ် --- မဲပေးသူ ၁၃၂၀၈၀
--- NLD မဲ     ၆၆၄၈၃ --- အခြားပါတီများ၏ မဲ ၆၅၅၉၇

ကရင် ၇ မြို့ နယ် --- မဲပေးသူ ၄၂၂၉၁၈
--- NLD မဲ     ၁၇၃၈၂၃ --- အခြားပါတီများ၏ မဲ ၂၄၉၀၉၅

ချင်း ၉ မြို့ နယ် -- မဲပေးသူ ၂၁၇၅၁၆
--- NLD မဲ     ၇၇၀၁၆ --- အခြားပါတီများ၏ မဲ ၁၄၀၅၀၀

မွန် ၁၀ မြို့ နယ် --- မဲပေးသူ ၇၈၇၇၅၀
--- NLD မဲ     ၃၆၁၆၃၀ --- အခြားပါတီများ၏ မဲ ၄၂၆၁၂၀

ရခိုင် ၁၇မြို့ နယ် --- မဲပေးသူ ၉၉၉၇၃၉
--- NLD မဲ     ၁၄၆၆၆၅ --- အခြားပါတီများ၏ မဲ ၈၅၃၀၇၄

ရှမ်း ၄၈ မြို့ နယ် --- မဲပေးသူ ၂၀၈၃၅၄၃
--- NLD မဲ     ၅၁၉၆၀၅ --- အခြားပါတီများ၏ မဲ ၁၅၆၃၉၃၈

ပြည်သူလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၃၄သန်းကျော်အနက်
NLD အား မဲပေးသူ ၁၂သန်းကျော် ရှိပြီး
အခြားပါတီအားမဲပေးသူ ၁၁သန်းကျော်နှင့်
မည်သည့်ပါတီမှ မဲမပေးသူ ၁၀ သန်းကျော် ရှိပါသည် ။

**********************************

အမျိုးသား လွှတ်တော်  ပြည်နယ် / တိုင်း အလိုက် NLD မဲရရှိမှု ဇယား
-----------------------------------------------------------------------
ရန်ကုန် ----- မဲပေးသူ ၃၂၅၉၀၃၃
---- NLD မဲ     ၂၂၆၃၉၅၂  ---- အခြားပါတီများ၏ မဲ ၉၉၅၀၈၁

မန်းလေး --- မဲပေးသူ ၃၇၉၂၂၄၇
----- NLD မဲ     ၂၂၄၁၀၄၁ ---- အခြားပါတီများ၏ မဲ ၁၅၅၁၂၀၆

စစ်ကိုင်း --- မဲပေးသူ ၂၈၃၉၃၁၉ 
---- NLD မဲ     ၁၈၇၀၁၉၇  --- အခြားပါတီများ၏ မဲ ၉၆၉၁၂၂

မကွေး --- မဲပေးသူ ၂၃၁၃၉၁၅
---- NLD မဲ     ၁၄၇၂၁၄၁ --- အခြားပါတီများ၏ မဲ ၈၄၁၇၇၄

ပဲခူး --- မဲပေးသူ ၂၅၃၂၉၉၇ 
--- NLD မဲ     ၁၃၄၈၁၇၁  --- အခြားပါတီများ၏ မဲ ၁၁၈၄၈၂၆

ဧရာဝတီ --- မဲပေးသူ ၃၃၂၂၈၉၆
--- NLD မဲ     ၁၇၂၃၉၉၄ --- အခြားပါတီများ၏ မဲ ၁၅၉၈၉၀၂

တနင်္သာရီ -- မဲပေးသူ ၆၁၈၅၈၈
--- NLD မဲ     ၄၀၃၃၂၄ --- အခြားပါတီများ၏ မဲ ၂၁၅၂၆၄

ကချင် --- မဲပေးသူ ၅၉၈၂၄၄ 
--- NLD မဲ     ၂၅၈၄၂၅ --- အခြားပါတီများ၏ မဲ ၃၃၉၈၁၉

ကယား --- မဲပေးသူ ၁၃၁၈၂၆ 
--- NLD မဲ    ၅၉၃၇၄ --- အခြားပါတီများ၏ မဲ ၇၂၄၅၂
ကရင် --- မဲပေးသူ ၄၂၁၃၂၂
--- NLD မဲ     ၁၈၂၅၉၂  --- အခြားပါတီများ၏ မဲ ၂၃၈၇၃၀

ချင်း -- မဲပေးသူ ၂၁၆၈၁၁
--- NLD မဲ     ၇၉၅၈၈ --- အခြားပါတီများ၏ မဲ ၁၃၇၂၂၃
မွန် --- မဲပေးသူ ၇၈၆၈၆၆
--- NLD မဲ     ၃၆၂၁၆၁ --- အခြားပါတီများ၏ မဲ ၄၂၄၇၀၅

ရခိုင် --- မဲပေးသူ ၁၀၀၃၈၇၄
--- NLD မဲ     ၁၅၃၂၁၇ --- အခြားပါတီများ၏ မဲ ၈၅၀၆၅၇

ရှမ်း --- မဲပေးသူ ၂၁၀၈၇၇၁
--- NLD မဲ    ၄၇၆၄၄၆  --- အခြားပါတီများ၏ မဲ ၁၆၃၂၃၂၅

အမျိုးသားလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၃၂သန်းကျော်အနက်
NLD အား မဲပေးသူ ၁၂သန်းကျော် ရှိပြီး
အခြားပါတီအားမဲပေးသူ ၁၁သန်းကျော်နှင့်
မည်သည့်ပါတီမှ မဲမပေးသူ ၁၀ သန်းကျော် ရှိပါသည် ။

No comments:

Post a Comment