Tuesday, February 16, 2016

အကူးအပြောင်း ကာလအတွင်း မတည်ငြိမ်မှု တစ်စုံတစ်ခု ဖြစ်လာနိုင်သဖြင့် သမ္မတ၏ အမေရိကန်ခရီးစဉ်ကို မသွားခဲ့ခြင်းဖြစ်ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဆို --------- -

အကူးအပြောင်း ကာလအတွင်း မတည်ငြိမ်မှု တစ်စုံတစ်ခု ဖြစ်လာနိုင်သဖြင့် သမ္မတ၏ အမေရိကန်ခရီးစဉ်ကို မသွားခဲ့ခြင်းဖြစ်ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဆို --------- --------- --------- ဧပြီ ၁ တွင် အစိုးရသစ် တာဝန်မယူမီ လက်ရှိ အကူးအပြောင်းကာလအတွင်း မတည်ငြိမ်မှုတစ်စုံတစ်ခု ဖြစ်နိုင်ကြောင်း မှန်းဆပြောဆိုမှုတစ်ခုကို သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် စနေနေ့တွင် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။ ဦးရဲထွဋ်က မတည်ငြိမ် ဖြစ်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခြင်း မရှိသော်လည်း “တစ်ခုခု ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ သမ္မတက ဒီမှာ ရှိနေဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် အမေရိကန်တွင် ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ခရီးစဉ်ကို ပယ်ဖျက်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးရဲထွဋ်က “ကယ်လီဖိုးနီးယားမှာ ထိပ်သီး ဆွေးနွေးပွဲတက်ဖို့ထက် ဒါက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲ မတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားသည်။ ယင်းက “တိုင်းပြည်မှာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်။ တစ်ခုခု ဖြစ်တော့မယ်လို့ ကျွန်တော် အတိအကျ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတကြီးဟာ တိုင်းပြည် ခေါင်းဆောင်အနေနဲ့ ကယ်လီဖိုးနီးယားမှာထက် ဒီမှာရှိနေတာ ပိုကောင်းတယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ သမ္မတသစ် ရွေးချယ်ရေးနှင့် ပတ်သက်၍ NLD နှင့် စစ်တပ်တို့ ဆွေးနွေးနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေချိန်တွင် ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများကို ထိခိုက်စေခြင်းမရှိရန်နှင့် ယခင်ဖြစ်ရပ်များအတွက် NLD အစိုးရသစ်က လက်တုံ့ပြန် အရေးယူခြင်းမပြုရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆိုထားသည်ဟု ရန်ကုန်အခြေစိုက် သံတမန်အချို့က ပြောကြားသည်။ NLD သည် သမ္မတသစ် အမည်တင်သွင်းရန် မတ်လကုန်အထိ အချိန်ရရှိသော်လည်း ယခုလကုန်ပိုင်းတွင် တင်သွင်းဖွယ်ရှိသည်ဟု ပြောကြားမှုများ ရှိနေပြီး စစ်တပ်နှင့် ဆွေးနွေးမှုမှာ သဘောတူညီချက်ရရန် နီးစပ်လျက်ရှိသည်ဟု ယူဆကြသည်။ အမည်မဖော်လိုသူ အနောက်တိုင်း သံတမန်တစ်ဦးက “တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ရာထူးတစ်ခုခု မပေးဘူးဆိုရင် သူက နေ့စဉ် လုပ်ငန်းတာဝန်တွေကြောင့် ၀န်ပိတာမျိုး မဖြစ်တော့ဘဲ လွတ်လွတ်လပ်လပ် ဗျူဟာချမှတ်နိုင်မှာပါ” ဟု ပြောကြားသည်။ ၀ါရှင်တန်အခြေစိုက် လေ့လာရေးအဖွဲ့တစ်ခုမှ ပညာရှင် မစ္စတာကယ်လီကာရီက “သူတို့က ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ ဖြေရှင်းနည်းတစ်ခုရဖို့ ကြိုးစားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရာထူးမယူဘဲ အုပ်ချုပ်တာထက် ရိုးရိုးရှင်းရှင်း တိုက်ရိုက်ပုံစံက ပိုကောင်းနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ KHTun The Ladies News

No comments:

Post a Comment