မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 17, 2016
မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အူရီဒူးကလှူဒါန်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အူရီဒူးကလှူဒါန်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မီးဘေးသင့်ပြည်သူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များ ဆောင်ရွက်နိုင်ရန် အတွက် အူရီ ဒူးမြန်မာက အမေရိကန်ဒေါ်လာ နှစ်သောင်း ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ တစ်ဆင့် လှူဒါန်းခဲ့ သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ''မီးဘေး သင့် ပြည်သူတွေအတွက် အခုလိုကူညီတဲ့အပေါ် အထူးကျေးဇူး တင်ပါ တယ်၊ လက်ခံရရှိတဲ့အလှူငွေ ကို မီးဘေးသင့်ပြည်သူတွေ အတွက် အိမ်ပြန်ဆောက် တဲ့နေရာမှာ အသုံး ပြုသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Rene Meza ''ဒေသခံ ပြည်သူတွေရဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်အတွက် မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့် ပါဝင်ကူညီခွင့်ရတာ အင်မတန် ဝမ်းသာပါတယ်၊ ဘဝတွေပြန်လည် ထူထောင်နိုင်ဖို့အတွက် လိုအပ်ချက် တွေ အားလုံးအမြန်ဆုံးပြည့်စုံသွား စေချင်ပါတယ်''ဟု ¤င်းကပြောသည်။
ယခုအခါ ပြန်လည်ထူထောင် ရေးအတွက် အစိုးရအဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ် သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့ အစည်းများက လိုအပ်သည့်ပြန်လည် ထူထောင်ရေးပစ္စည်းများကို ပေးပို့ လှူဒါန်းလျက်ရှိကြောင်းသိရသည်။
မွန်းဦးနဒီ
No comments:
Post a Comment