Wednesday, February 10, 2016

အင်ဒိုနီးရှားတွင် ဂျာဗား၌ စစ်လေယာဉ်ပျက်ကျ

အင်ဒိုနီးရှားတွင် ဂျာဗား၌ စစ်လေယာဉ်ပျက်ကျ +++++++++++++++++++++++++++++++++ မာလင်၊ ဖေဖော်ဝါရီ ၁၀ ။ ။ အင်ဒိုနီးရှား စစ်ဘက်လေယာဉ် တစ်စင်း သည် ဖေဖော်ဝါရီ ၁၀ ရက် ၌ အရှေ့ဂျာဗားရှိ လူနေထူထပ်ရာ နယ်မြေတွင် အိမ်တစ်လုံးပေါ်သို့ ပျက်ကျကြောင်း လေတပ်အရာရှိ တစ်ဦးကဆိုသည်။ ထိုစစ်လေယာဉ်သည် မာလင် တွင် အခြေစိုက်ထားသည့် အဗ္ဗဒူလ် ရာ့ခ်ျ မင်ဆလေးလေတပ်စခန်းမှ ပျံတက်ပြီးနောက် မကြာမီမှာပင် ပျက် ကျ သွားခြင်းဖြစ်သည်ဟု အခြေ စိုက်စခန်းတပ်မှူး ဂျိုကို ဆီနိုပူထရို ကဆို သည်။ လေယာဉ်ပျက်ကျသောကြောင့် အထိအခိုက်ရှိမှုအား အတည်ပြု ချက် ကို ချက်ချင်းမရသေးကြောင်း၊ ထို လေယာဉ် တွင် လေယာဉ် မှူးတစ်ဦး နှင့် အင်ဂျင်နီယာတစ်ဦးတို့ စီးနင်း လိုက်ပါသည်ဟု သိရသည်။ ''ထိုစမ်းသပ်ပျံသန်းတဲ့ စစ်လေ ယာဉ်ဟာ ၄၅ မိနစ်လောက်ပျံသန်း ပြီး ဆင်းခွင့်တောင်းပြီးတဲ့နောက် လေယာဉ်နဲ့ အဆက်အသွယ်ပြတ် သွား တယ်။ လေယာဉ်ဟာ အိမ်တစ် လုံးပေါ် ပျက်ကျသွားတယ်လို့ မျက် မြင် ကိုယ်တွေ့တွေဆီက ပေးတဲ့သတင်း ကိုရပါတယ်''ဟု ဆီနိုပူထရိုက AFP သို့ပြောပြသည်။ အင်ဒိုနီးရှားတွင် စစ်ဘက်လေ ယာဉ် မတော်တဆမှု မကြာခဏဖြစ် သည်။ Ref:AFP #Democracytoday Photo - CNA [ File - A Embraer Super Tucano turboprop. (Photo: Embraer) ]

No comments:

Post a Comment