မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
"မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် မာစီရယ်လ်ကို အမေရိကန် လွှတ်တော် အတည်ပြု"
"မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် မာစီရယ်လ်ကို အမေရိကန် လွှတ်တော် အတည်ပြု"
အမေရိကန်လွှတ်တော်က ပြည်ပရေးရာဌာနအရာရှိတစ်ဦးဖြစ်သူ စကော့အလန် မာစီရယ်လ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မဲပေးမှု ရလဒ်များအရ မာစီရယ်လ်ကို ထောက်ခံမဲ ၉၀၊ ကန့်ကွက်မဲမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လွှတ်တော်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့တောင်အာရှရေးရာဌာန ဒုတိယအကြီးအကဲအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့သည်။
မာစီရယ်လ်သည် သံအမတ်ကြီး ဒါရက်ခ် မစ်ချယ်လ်၏ နေရာကို အစားထိုးဆက်ခံမည် ဖြစ်သည်။ မာစီရယ်လ်သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တူရကီနှင့် ဘရာဇီးတို့တွင်လည်း သံရေးတမန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်။
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မာစီရယ်လ်ကို အောက်တိုဘာလတွင် အဆိုပြုတင်သွင်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံအပေါ် အမေရိကန်၏စီးပွားရေး ပိတ်ဆို့မှု မူဝါဒများနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုအချို့ ရှိနေသောကြောင့် မာစီရယ်လ်ကို လွှတ်တော်က သံအမတ်ကြီးအဖြစ် အတည်ပြုရေးကိစ္စမှာ အထမမြောက်ဘဲ ကြန့်ကြာနေခဲ့သည်။
သို့သော်လည်း ဖေဖော်ဝါရီ ၉ ရက်တွင်မူ မာစီရယ်လ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် လွှတ်တော်က အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။ လွှတ်တော်ခေါင်းဆောင် မစ်ခ်ျမက်ကော်နေးလ်က ရာထူးသက်တမ်းအတွင်း မစ်ချယ်လ်၏ တာဝန်ကျေပြွန်မှုများကို ချီးကျူးခဲ့ပြီး သံတမန်သစ်ဖြစ်လာမည့် မာစီရယ်လ်ကို ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားသွားသည်။
Ref: VOA
No comments:
Post a Comment