အများပြည်သူသို့အသိပေး ပန်ကြားခြင်း
*****************************
စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရတနာကမ်းလွန် platform နှင့် ပတ္တမြား ကမ်းလွန်platform ပိုက်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက်
(၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ရက်နေ့အထိ (၄)ရက်ကြာ သဘာဝဓာတ်ငွေ့ပို့လွှတ်မူရပ်ဆိုင်း မည့်ကိစ္စအား ရက်ရွှေ့ဆိုင်းထားပါကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ
( ၂၄.၂.၂၀၁၆) ရက်နေ့ (၂၃:၃၀)နာရီခန့်တွင် တယ်လီဖုန်းသတင်းရရှိပါသဖြင့် ရန်ကုန်မြို့အတွင်း ဝန်အားလျော့ချ ဓာတ်အားပေးမည့်အစီအစဉ် များကို ရပ်ဆိုင်းပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း နှင် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ငန်းဆောင်ရွက်မည့်ရက်အား အတည်ပြုချက်ရရှိပါက မီးသုံးစွဲသူ ပြည်သူများထံသို့ အချိန် နှင့်တပြေးညီ အသိပေး တင်ပြသွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးပန်ကြားအပ်ပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment