Wednesday, February 10, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် လွှတ်တော်အတိုင်း အစည်းအဝေး အချိန်ဆွဲဟုဆို --------- ------

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် လွှတ်တော်အတိုင်း အစည်းအဝေး အချိန်ဆွဲဟုဆို --------- -------- ------- လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ် လွှတ်တော်သည် ပထမလွှတ်တော်ကဲ့သို့ပင် အစည်းအဝေးများကို အချိန်ဆွဲသည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘသိန်းက ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့နှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထာင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့တို့တွင် နာရီဝက်ခန့်သာ လွှတ်တော် အစည်းအဝေး ကျင်းသွားခြင်းကို ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ပြီးခဲ့တဲ့ ပထမသက်တမ်း တုန်းကလည်း ဒီလိုပဲ လုပ်သွားတာတွေ ရှိတယ်။ အစည်းအဝေးတွေကို အချိန်ဆွဲ လုပ်တာမျိုးတွေပေါ့။ နောက်ကွယ်က ဘာအကြောင်းတွေ ရှိတယ်ဆိုတာကိုတော့ ပြောလို့မရဘူး ပေါ့နော်။ အခုလောလောဆယ်တော့ ပထမသက်တမ်းက လွှတ်တော်နဲ့ သိပ်မကွာဘူးလို့တော့ မြင်တယ်” ဟု လင်းခေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘသိန်းက ပြောသည်။ လွှတ်တော်ကျင်းပခြင်းနှင့် အချိန်သတ်မှတ်ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ သတ်မှတ်ခြင်းသာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ “ဒါက လွှတ်တော်ဥက္ကဋ္ဌရဲ့ တာဝန်ပဲဖြစ်တယ်။ ပြောစရာ မရှိပါဘူး။ ဘယ်အချိန် လွှတ်တော်တက်မယ်။ ဘယ်အချိန် လွှတ်တော်ဆင်းမယ် ဆိုတာတွေက လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ တာဝန်တွေဖြစ်တယ်။ အဲဒီအပေါ်မှာတော့ ဘာမှ ပြောစရာ မရှိပါဘူး” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထာင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ ရွေးချယ်ရန် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ သတ်မှတ်ကာ သမ္မတ အမည်စာရင်း တင်သွင်း မည့်ရက်ကို သတ်မှတ်ပြီး လွှတ်တော် ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထာင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် လျာထားခြင်းကို အမည်စာရင်း တင်သွင်းကာ လွှတ်တော်စတင်ချိန်မှ ရပ်နားချိန်ထိ မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ သတင်း - MMK The Ladies News

No comments: