Thursday, February 11, 2016

လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်၍ အချိန်အခါမဟုတ် မိုးရွာနိုင်

လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်၍ အချိန်အခါမဟုတ် မိုးရွာနိုင် Thursday, February 11, 2016 ပင်လယ်ပြင်တွင် ဖြစ် ပေါ်နေသော လေဖိအားနည်းရပ် ဝန်းနှင့် အရှေ့လေပြင်းများ ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသ များ လေပြင်းအန္တရာယ် သတိပြု ရန်လိုပြီး ဒေသအချို့ အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် ဆက်စပ်နေ သည့်နေရာတွင် ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်ကစတင်၍ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေသည်။ ‘‘လေဖိအားနည်းရပ်ဝန်းက နေ လွင့်ထွက်လာမယ့် တိမ်တိုက် တွေကြောင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတွေမှာ အချိန်အခါမဟုတ် မိုး ရွာမယ်။ ပြီးတော့ အရှေ့ဘက်က လေပြင်းတွေလည်း ဝင်လာနေလို့ ကမ်းရိုးတန်းတွေမှာလည်း လှိုင်း ရော လေပါ ပြင်းနိုင်တယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၀ ရက်က မိုးရွာသွန်း ခဲ့ပြီး နောက်နှစ်ရက်အတွင်း မိုး ဆက်လက်ရွာသွန်းနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။ ပင်လယ်ပြင်တွင်လည်း တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ မှ ၃၅ မိုင်အထိ ပြင်းနိုင်သောကြောင့် ပင်လယ်ပြင်လေပြင်းသတိပေး ချက် ထုတ်ပြန်ထားသည်။ လေဖိအားနည်းရပ်ဝန်းမှာ ဖေဖော်ဝါရီ ၁၂ ရက်ခန့်တွင် အား ပျော့ပျက်ပြယ်နိုင်ကြောင်း ဦးကျော်မိုးဦးက ခန့်မှန်းထား သော်လည်း အားပျော့မသွားမီအချိန်အခါမဟုတ်မိုးနှင့် လေပြင်းအန္တရာယ်ကို စိုက်ပျိုးရေးတောင်သူများနှင့် ရေလုပ်သားများ သတိ ထားသင့်သည်ဟု ဆက်လက် သတိပေးသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်ပေါ်မှ တိမ်တိုက်များကို ထိုင်းဂြိုလ်တုပုံရိပ်မှ တွေ့ရစဉ် 7Day Daily

No comments:

Post a Comment