Thursday, February 11, 2016

ဆီးရီးယားမှာ အပစ်ရပ်ရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ ရုရှားဟာ ဆီးရီးယားသမ္မတအာဆတ် ဖက်ကနေ ဝင်ကူတိုက်ပေးနေခဲ့တာပါ။

ဆီးရီးယားမှာ အပစ်ရပ်ရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ ရုရှားဟာ ဆီးရီးယားသမ္မတအာဆတ် ဖက်ကနေ ဝင်ကူတိုက်ပေးနေခဲ့တာပါ။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gennady Gatilov က ဘယ်လို အပစ်ရပ်နိုင်မယ် ဆိုတာကို ဂျာမနီနိုင်ငံ မြူးနစ်မှာ လုပ်ဖို့ရှိတဲ့ ဆီးရီးယားစစ်ပွဲ ရပ်ရေး နိုင်ငံတကာဆွေးနွေးပွဲမှာ ပြောကြဆိုကြမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ဂျီနီဗာမှာ လုပ်ခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သွားရတာဟာ ရုရှားက ဆီးရီးယားအစိုးရဖက်ကနေပြီး လေကြောင်းက ကူတိုက်ပေးနေလို့ ဖြစ်တယ်ဆိုပြီး အတိုက်အခံတွေ၊ တူရကီအစိုးရနဲ့ အမေရိကန်အစိုးရတို့က ရုရှားကို အပြစ်တင်ကြပါတယ်။ ရုရှားအကူနဲ့ အခုနောက်ဆုံး ထိုးစစ်ဆင်နေတဲ့ အလက်ပိုမြို့နားက တိုက်ပွဲတွေအတွင်း လူပေါင်း၅၀၀ ကျော် သေဆုံးခဲ့ပြီး သောင်းချီလို့ နေရပ်က ထွက်ပြေးခဲ့ကြရပါတယ်။

No comments:

Post a Comment