Wednesday, February 10, 2016

"မြန်မာ့မြေပေါ်မှာ လူပါးဝနေသူ"

"မြန်မာ့မြေပေါ်မှာ လူပါးဝနေသူ"
*********************************
မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ပြည်အာဏာ လုပ်ပိုင်ခွင့်ဆိုတာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့်လျော်ညီစွာ ဗုဒ္ဓဘာသာသမ္မတနှင့် ဗုဒ္ဓဘာသာ လုပ်ပိုင်ခွင့်ရှိသူ ပြောပိုင်ခွင့်ရှိသူ အကြီးအကဲများသာ လုပ်ကိုင် ပြောဆိုရမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကို ဘယ်လူမျိုး ဘာသာခြားကမှ ဝင်ရောက်ပြောဆိုပိုင်ခွင့်၊ စွပ်ဖက်ပိုင်ခွင့်မရှိပါ။ ထိုနည်းတူစွာ ဘာသာခြားများ၏ နိုင်ငံရဲ့ နိုင်ငံရေး အချုပ်အခြာ ပြည်အာဏာ လုပ်ပိုင်ခွင့်များကိုလည်း မြန်မာနိုင်ငံသားများ ဝင်ရောက်ပြောဆိုဖို့နေနေသာသာ မျက်စောင်းပင်လှည့်ထိုး၍မရပါ။ အခုက မြန်မာနိုင်ငံရဲ့ အရေးကို ဒီလိုဘာမဟုတ်တဲ့ ဘာသာခြားတစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်ခြင်းဟာ မြန်မာ့မြေပေါ်မှာ လူပါးဝနေခြင်းပင်ဖြစ်ပါတယ်။
ဒီလိုဘာသာခြားတစ်ယောက်ကို နေရာပေးနေတာ တိုင်းပြည်အတွက်၊ ဗုဒ္ဓသာသနာအတွက် အလွန်အန္တရာယ်များပါတယ်။ အတိတ်သမိုင်းကြောင်းတွေကို ပြန်လှန်ကြည့်ပါလျှင် ဥပမာ(အိန္ဒိယ)လို နိုင်ငံမျိုး၊ ဗုဒ္ဓသာသနာထွန်းကားခဲ့သည့်နိုင်ငံ၊ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သည့် နိုင်ငံဖြစ်ပါတယ်။ ထိုနိုင်ငံရဲ့ ဘာသာရေး အတက်အကျဆိုတာ မင်းနဲ့ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာ မင်းများလက်ထက်မှာ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓသာသနာ နေလို လလိုထွန်းလင်းခဲ့ပေမယ့် ဘာသာခြားလူမျိုးများ အိန္ဒိယနိုင်ငံ၏ မင်းဖြစ်လာသည့်အခါမှာ ဗုဒ္ဓသာသနာ ကြက်ပျောက် ငှက်ပျောက်ခဲ့သည်မှာ သမိုင်းကြောင်းများအရ သိရပါတယ်။ အကြောင်းဆိုသော် ဘာသာခြားမင်းက သူတို့ဘာသာ တိုးတက်ဖို့သာ အရေးပေးဆောင်ရွတ်ကြပါတယ်။ သနားမှု၊ စာနာမှု၊ ထောက်ထားငဲ့ညှာမှု မရှိ၊ ကိုယ့်ဘာသာတိုးတက်ဖို့ကို အစဉ်တစ်စိုက်အားထုတ်ကြပါတယ်။ ဆိုတော့ကား ဆန့်ကျင်ဘက် ဘာသာများကို သူတို့ဘာသာသို့ပြောင်းရင်ပြောင်း မပြောင်းပါက အတင်းအဓမ္မသွတ်သွင်းမည်သာ၊ သွတ်သွင်း၍မရပါက ကျူပင်ခုတ် ကျူငုတ်ပါ မကျန် အပြတ်ရှင်းခဲ့တာပါ။ ထို့ကြောင့်ပင် အိန္ဒိယနိုင်ငံမှာ ဘာသာခြားမင်းဆက်(မဂို) လက်ထက်မှာ ဗုဒ္ဓဘာသာဝင်များ အင်အားဆုတ်ယုတ်ခဲ့ပြီး နောက်ဆုံးပျောက်ကွယ်သွားခဲ့ရသည်အထိပါ။
သာသနာနှစ်ငါးထောင်ဆိုသည့် သူပြော လူပြောစကားကို တစ်ထစ်ချယုံကြည်ခြင်း၊ မြတ်စွာဘုရားသာသနာကို မည်သည့်ဘာသာခြားကမှ ဖျက်၍မပျက်ဆိုသည့် စကားလုံးများနှင့်ကိုင်ပေါက်နေသူများ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့သည့် အိန္ဒိယမှာ သာသနာကွယ်ပျောက်ခဲ့ခြင်းဟာ ဘုရားသားတော် ရဟန်းတော်များကြောင့်လား၊ ဘာသာခြားများကြောင့်လားဆိုတာ လေ့လာကြည့်ပါ။ တစ်ခြားဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ခဲ့ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ စတဲ့နိုင်ငံတွေကနေ ဗုဒ္ဓဘာသာပျောက်ကွယ်ပြီး အစ္စလာမ်ဘာသာနိုင်ငံဖြစ်သွားတာဟာ သံဃာတွေကြောင့်လား ဆိုတာ လေ့လာကြည့်လိုက်ပါ။ သာသနာကို ဖျက်နေတာ ဘယ်သူဆိုတာ ခေါင်းစဉ်မတပ်ပါဘူး။ ဒါပေမယ့် သံဃာတော်တွေ မဟုတ်ဘူးဆိုတာ သိထားပေးပါ။ သာသနာကို စောင့်ရှောက် လက်ဆင့်ကမ်းနေတာ သံဃာတော်များပါ။ သံဃာအင်အား အခြေကောင်းနေသည့်အတွက် လူမျိုးခြား ဘာသာခြားများ ဘာသာရေး လူမျိုးရေး နိုင်ငံရေးမှာ ထင်သလို မလှည့်စားနိုင်ခြင်းပါ။ ထင်သလို မလှည့်စားနိုင်တော့ သံဃာနှင့် ဒကာ ဒကာမများ သံဃာတော်များ အပေါ် အကြည်ညိုပျက်အောင် လှည့်ပြီး ကုန်းတိုက် သွေးထိုးကြပါတော့တယ်။ ဗုဒ္ဓဘာသာတွေအားလုံး မညီမညွတ်ဖြစ်လေလေ၊ သူတို့ရဲ့ ဗျူဟာ အောင်မြင်လေလေပါ။ အားလုံး သတိထားစေချင်ပါတယ်။ အားလုံးသိထားစေချင်တဲ့ စကားတစ်လုံးက "ခေတ်အဆက်ဆက် ဘယ်သံဃာကမှ ဒကာ- ဒကာမအပေါ် နိုင်ငံရေး လူမျိုးရေး ဘာသာရေး သစ္စာမဖောက်ခဲ့ဘူး" ဆိုတဲ့ စကားတစ်လုံးပါ။
အချုပ်အားဖြင့် ပြောချင်တာက လူမျိုးခြား ဘာသာခြားတစ်ယောက်ကို တိုင်းရေး ပြည်ရေးတွေမှာ နေရာမပေးတာ အကောင်းဆုံးပါ။ နေရာပေးမိရင် လောကအတွက် သာသနာအတွက် လူမျိုးအတွက် အန္တရာယ်ကြီးမားတဲ့အကြောင်းကို အသိပေးလိုက်ခြင်းပါ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: