မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက် +++++++++++++++++++++++++++++++++++
ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်
+++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂-ယခုနှစ် အတွင်း ပြည်တွင်းရွှေဈေးနှုန်း အမြင့် ဆုံး အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်က ကျပ် ရှစ်သိန်းကျော် အထိ မြင့်တက် ခဲ့ကြောင်း မြန်မာ နိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦး ကျော်ဝင်း (ဦးထုံရွှေဆိုင်) ကဆိုသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ် လာ ငွေ လဲနှုန်းပေါ်တွင် မူတည်လျက်ရှိရာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ သိသိသာ သာ မြင့် တက်လာသဖြင့် ယင်းကဲ့သို့ စံချိန် တင် ပြန်လည်မြင့် တက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဦးကျော်ဝင်းက ''ကမ္ဘာ့ရွှေဈေး ကလည်း အတက် အကျများနေ တယ်။ ပြည် တွင်းရွှေဈေးက ဒီနေ့ မနက်ပိုင်းမှာ ၇၉၈၀၀၀ ဝန်းကျင် နဲ့စဖွင့် ခဲ့ပြီး နေ့ လယ်ဈေးနှု န်း က ရှစ်သိန်းတစ် ထောင်လောက် ကိုဖြစ်သွားတယ်။ စံချိန် တင်ဈေးနှု န်း လို့ ပြောလို့ရ တာ ပေါ့''ဟု ဖေဖော်ဝါ ရီ ၁၂ ရက်က ဒီမို ကရေစီတူဒေးသတင်းစာသို့ ပြောသည်။
ယင်းကဲ့သို့ မြင့်တက်လာခြင်း မှာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာ မှု အပြင် ပြည် တွင်းကျဆင်းနေသော ဒေါ်လာဈေးနှုန်းများ အလွန်ဈေး နှုန်း ကျဆင်းမှုကြောင့် ပြန်လည်မြင့် တက်နိုင်ခြေရှိသဖြင့် ရင်းနှီးမြှုပ်နှံ ရန် ဝယ်ယူမှုများကြောင့် ပြင်ပဈေး ကွက်အတွင် အမေရိကန်ဒေါ် လာ ဈေနှုန်း များ ပြန်လည်မြင့်တက်ခဲ့မှု ကြောင့်ဖြစ်ကြောင်းသိရသည်။
''အရင်ရက်တွေ ဒေါ်လာဈေး က ၁၂၁၅ ကျပ်လောက်အထိ ကျ သွားပြီး ဒီနေ့ ၁၂၄၀ လောက် ပြန် ရောက်လာတယ်။ တကယ် တမ်း ပြည် တွင်းရွှေဈေး က လက်ရှိကမ္ဘာ့ရွှေ ဈေးနဲ့တွက်ရင် ရှစ်သိန်း တစ်သောင်း လောက်ဖြစ် သင့်တယ်''ဟု ဦးကျော်ဝင်း ကဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်းဈေးနှုန်း မြင့်တက်မှုနှင့်အတူ ဈေးကွက်အတွင်း
ရွှေဝယ်လိုအားကျဆင်းနေပြီး ဝယ် လိုအားပေါ်မူတည် ကာ ရွှေဈေးနှုန်း များထပ် မံမြင့် တက်နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင် အသိုင်းအ ဝိုင်းမှသိရသည်။
တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က ''ရွှေဈေးကတော့မငြိမ် ဘူး။ ကမ္ဘာ့ရွှေဈေးရော ဒေါ်လာဈေး ပါအပြောင်းအလဲများနေတဲ့ အ တွက် အခုလိုမြင့် တက်သွားတာပါ။ ဒီနေ့ကလည်း ပြည်ထောင်စုနေ့ဆို တော့ အရောင်းအ ဝယ်တော့တော် တော်ပါး တယ်'' ဟု ဖေဖော်ဝါရီ ၁၂ ရက်က ဒီမိုကရေစီတူဒေးသတင်းစာ သို့ပြောသည်။
လက်ရှိ ကမ္ဘာ့ရွှေဈေး နှုန်းသည် တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁၂၄၀ ဝန်းကျင်ရောက် ရှိနေပြီး ယခင်ဖေဖော်ဝါရီလပထမ ပတ်အတွင်း ကမ္ဘာ့ရွှေတစ်အောင်စ လျှင် အမေရိ ကန်ဒေါ်လာ ၁၂၀၀ ဝန်းကျင်သာ ရှိခဲ့သဖြင့် ကမ္ဘာ့ရွှေဈေး ကွက်အ တွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ် လာ ၄၀ နီးပါး မြင့်တက်ခဲ့သည်။
ACKK
#Democracytoday
No comments:
Post a Comment