" သီတဂူဆရာတော် ဓမ္မသဘင် "
(မွန်ပြည်နယ် ပွဲစဉ်များစတင်ခြင်း)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဓမ္မသဘင်စတင်ပြီ ဖြစ်ပါသောကြောင့် တရားတော်နာယူနိုင်ရန်
အောက်ပါအစီစဉ်အတိုင်း ဖိတ်ကြားအပ်ပါသည်။
#ဓမ္မသဘင်များ
၂၀၁၆-၂-၀၉ - မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့
၂၀၁၆-၂-၁၀ - မွန်ပြည်နယ်၊ ကျိုက်ထိုမြို့
၂၀၁၆-၂-၁၁ - မွန်ပြည်နယ်၊ သထုံမြို့
၂၀၁၆-၂-၁၂ - မွန်ပြည်နယ်၊ မုဒုံမြို့
၂၀၁၆-၂-၁၃ - ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့
၂၀၁၆-၂-၁၄ - ကရင်ပြည်နယ်၊ ဘားအံမြို့
၂၀၁၆-၂-၁၅ - ကရင်ပြည်နယ်၊ မြဝတီမြို့
၂၀၁၆-၂-၁၆ - ကရင်ပြည်နယ်၊ မြဝတီမြို့
မော်လမြိုင်မြို့၊ ဖါးအောက်တောရတွင် ၁၂-၂-၂၀၁၆ (ပြည်ထောင်စုနေ့) နံနက် ၈း၀၀နာရီအချိန် အထူးဓမ္မသဘင်ဆင်ယင်ကျင်းပပါမည်။
သက်တော် (၇၉)နှစ် ရှိနေပြီဖြစ်တော်မူသော သီတဂူဆရာတော်ကြီး၏ ဓမ္မသဘင်ကို ကျင်းပပြုလုပ်ခွင့် ရသည့် အချိန်အခါတွင် ဓမ္မမိတ်ဆွေအပေါင်းမှလည်း အခွင့်ကောင်းကို လက်မလွတ်စေရန် တရားနာယူကြဖို့ တိုက်တွန်းအပ်ပါသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကျင်းပမည့် သီတဂူအထူးဓမ္မသဘင်တွင် တရားနာပရိသတ်များ အဆင်ပြေစွာ နာယူပူဇော်နိုင်ရန်အတွက် အောက်ပါအတိုင်း စီစဉ်ထားရှိပါကြောင်း သတင်းကောင်းကိုလည်း သိရှိစေအပ်ပါသည်။
ရုပ်သံရိုက်ကူးရေး - သီတဂူမောင်မောင်နှင့်အဖွဲ့ (မန္တလေးမြို့)
ဓမ္မအသံအော်ဒီယို - စိန်မျှားမိသားစု (ပဲခူးမြို့)
LED Board - ကိုဇာနည်နှင့်အဖွဲ့ (မန္တလေးမြို့)
ဓမ္မသဘင်အောင်မြင်စွာ ဖြစ်မြောက်စေရန် တာဝန်ယူဆောင်ရွက်ကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်း
ဓါတ်ပုံ - သီတဂူမောင်မောင်
No comments:
Post a Comment