မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
ဒေါက်တာသိန်းလွင်ကို ဒီချုပ်က တာဝန်မှ ရပ်ဆိုင်း
ဒေါက်တာသိန်းလွင်ကို ဒီချုပ်က တာဝန်မှ ရပ်ဆိုင်း
---------------------------------------------------------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ပါတီတာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။
ဒေါက်တာသိန်းလွင်သည် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခြင်း၊ တားမြစ်ချက်များ မလိုက်နာခြင်းကြောင့် အရန်ဗဟိုအလုပ်အမှုဆောင်တာဝန်နှင့် ဗဟိုကော်မတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်ဟု ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပါတီ၌ ရာထူးတာဝန်တစ်ခု ရရှိထားသူသည် ပါတီနှင့် မသက်ဆိုင်သော အခြားကော်မတီများ၌ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့် တာဝန်များ မယူရဘဲ အဖွဲ့ဝင်အဖြစ်သာ ပါဝင်ခွင့်ရှိသည်ဆိုသည့် အချက်ကို မလိုက်နာသောကြောင့် အရေးယူခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆို
ခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။
‘‘ဒါဆရာရဲ့ ဆုံးဖြတ်ချက်ပါ။ ဆရာ့ကို ရွေးချယ်ခွင့်ပေးပါတယ်။ ဆရာက NNER ကို ရွေးခဲ့တဲ့အတွက် ပါတီရဲ့ တာဝန်ကနေ ရပ်ဆိုင်းတာပါ။ ပါတီဝင်အဖြစ်နဲ့ ဆက်ရှိ၊ မရှိကတော့ ဆရာနဲ့ပဲ သက်ဆိုင်ပါတယ်’’ဟု ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။
လက်ရှိတွင် ဒေါက်တာသိန်းလွင်သည်ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)
တွင် အဓိကနေရာမှ ပါဝင်လှုပ်ရှားလျက်ရှိပြီး သပိတ်မှောက် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည်။
7 Days
No comments:
Post a Comment