မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအား ကြည့်ရှုလေ့လာမည့်သူများ သိရှိနိုင်ရန် ▄▄▄▄▄▄▄▄
သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအား ကြည့်ရှုလေ့လာမည့်သူများ
သိရှိနိုင်ရန်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံ၏ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို ပြည်တွင်း/ပြည်ပခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရေးအတွက် မြန်မာ့မီးရထားသည် ခရီးသည်၂၀ စီးနင်းနိုင် သည့် သံလမ်းပြေးယာဉ် Rail Gang Car (RGC) ၊ ခရီးသည်၅၀ စီးနင်း နိုင် သည့် Rငေူ ကျြ နညါငညန (Rနြ) တို့ဖြင့် ခရီးသည် တစ်ဦးလျှင်ကျပ် ၅၀၀၀ နှုန်းကောက်ခံ၍ စင်းလုံး ငှားရမ်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပို့ဆောင်ပေးလျက်ရှိသည့် အစီအစဉ်မှာ နောင်ချိုဘူတာ (သို့မဟုတ်)နောင်ပိန် ဘူတာမှ စတင်ထွက်ခွာပြီး ဂုတ်ထိပ် တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်လျက် တံတားကြီး တစ်ဖက်တစ်ချက်စီတွင် တစ်ခါ ၁၀ မိနစ်ခန့် ရပ်တန့် ပေးသည်။ ငှားရမ်းအသုံးပြုလိုသူများသည် မန်နေဂျာ(သွားလာရေး/တိုင်း)အမှတ်(၃)တိုင်း-မန္တလေးရုံး ဖုန်း-၀၂-၃၅၉၈၆ နှင့် စီးပွားရေးဌာန ခရီးသည် ဌာနခွဲ မြန်မာ့ မီးရထား ရုံးချုပ် နေပြည်တော်ဘူတာကြီး ဖုန်း-၀၆၇-၇၇၁၁၈၊၇၇၀၅၀ တို့သို့ ကြိုတင်ဆက်သွယ်ငှားရမ်း အသုံးပြုနိုင်သည်။
မိမိအစီအစဉ်ဖြင့် ကြည့်ရှုလေ့လာလိုသူများသည် အမှတ်(၁၃၁)အဆန်မန္တလေး-လားရှိုးရထားဖြင့် လည်း ကောင်း၊ အမှတ်(၁၃၂)အစုန် လားရှိုး-မန္တလေး ရထားဖြင့်လည်းကောင်း လိုက်ပါစီးနင်း၍ ဂုတ်ထိပ် တံတားပေါ်မှ ရထားဖြတ် သန်းမောင်းနှင်စဉ် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ခရီးသွားများသည် ဂုတ်ထိပ်တံတား ကို မော်တော် ကားဖြင့် လာရောက် ကြည့်ရှုလျက်ရှိရာ သမိုင်းဝင် ဂုတ်ထိပ် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည့်ရှုလေ့လာ သူများ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် တံတားပေါ်မှ ဖြတ်သန်း လမ်းလျှောက်၍ ကြည့်ရှုလေ့လာခြင်းကို လုံးဝ (လုံးဝ)ခွင့်ပြုပေးမည် မဟုတ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
No comments:
Post a Comment