မော်ဖောင်း မူးယစ်ဆေးဖြတ်စခန်း(သို့) ကျမ်းစာသင်တန်းကျောင်း
မော်ဖောင်း မူးယစ်ဆေးဝါးဖြတ်သည့်စခန်းတွင်ယခုအချိန် လူပေါင်း ၆၀ ကျော်ရှိသည်။ အများပိုင်းသည် မိမိကိုယ် မိမိ လာရောက်သည့် သူများဖြစ်သည်။ အဆိုပါစခန်းတွင် ကချင်၊ဗမာ၊ဂေါ်ရခါး၊ တရုတ်၊ယော စသည့် လူမျိုးများရှိသည်။
အဆိုပါကျောင်းတွင်အပတ်စဉ် တစ်ခုတွင် (၆)လ ကြာပြီး ယခုအပတ်စဉ်သည် အပတ်စဉ် (၅)ဖြစ်သည်။ ကျမ်းစာ ကိုသာ အဓိက သင်ပေးသည့် ကျောင်းဖြစ်သည့်အတွက် ကျမ်းစာ သင်တန်းကျောင်းဟုလည်း ခေါ်ဆိုကြသည်။ ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာများလည်း ယခင်မူးယစ်ဆေးဝါး သုံးစွဲခဲ့သူများဖြစ်ပြီး ပြောင်းလဲလာသည့် သူများဖြစ်သည်။
ထိုစခန်းတွင် ၂၀၁၆ ဖေဖော်ဝါရီလ ၉ ရက်နေ့ ရောက်ရှိကာ ဓာတ်ပုံမှတ်တမ်း ရိုက်ယူခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါး လာဖြတ်သည့် သူများမှ ၎င်းတို့နေထိုင်သည့် အခန်းတွင် မူးယစ်ဆေးဝါးကို အချိန်တိုင်း သတိရနေကြောင်း မင်ဖြတ်ဆေးဖြင့် ရေးသားထားသည့်စာ။
မော်ဖောင်း မူးယစ်ဆေးဝါးဖြတ်သည့်စခန်းသည် ဆေးဖြတ်ရန် အခြား မည်သည့် ဆေးမှမသုံးပါ။ ဆေးအစား ရောက်ရှိလာသည့် မူးယစ်သုံးစွဲသူများအား ဓမ္မကျမ်းစာသာ သင်ပေးသည်ဟုဆိုသည်။
အသစ်ရောက်ရှိလာသည့် မူးယစ်သုံးစွဲသူများသည် ရင်းထကာ မနေနိုင်သည့်အတွက် မကြာခဏ ရေချိုးရပြီး ရေချိုးရန် နေရာလည်း အဆင့်သင့် လုပ်ပေးသည်ကို တွေ့ရသည်။
မော်ဖောင်း မူးယစ်ဆေးဝါးဖြတ်သည့် စခန်းတွင် အရက်စွဲသည့် ဂေါ်ရခါးလူမျိုးများလည်း ၁၀ ယောက်ခန့်ရှိပြီး အချို့သော အရက်ဖြတ်ပြီးသူများသည် ထိုစခန်းတွင်နေထိုင်ကာ စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည် လုပ်ကိုင်ကြသည်။ အချို့က ထမင်းချက်တာဝန်ကို ထမ်းဆောင်ကြသည်။အချို့က အခုမှ စဖြတ်နေတုန်းဖြစ်သည်။
ထိုစခန်းသို့ရောက်ရှိပြီး ထွက်ပြေးသွားကာ ထိန်းမနိုင်အောင် ရန်ရှာသည့် မူးယစ်သုံးစွဲသူများအား ဒဏ်ပေးသည့်အနေဖြင့် ၆ ပေါက်တွင် လည်း ထည့်ထားလျှက်ရှိကြောင်းလည်း သိရသည်။သို့သော် တော်ရုံအပြစ်မလုပ်ပါက ၆ ပေါက် သုံးလေ့မရှိကြောင်းလည်း စခန်းတာဝန်ခံများမှဆိုသည်။
အားလပ်ချိန်တွင် ခြင်းလုံး၊ ဘောလုံး နှင့် အခြားအားကစားများကို ကစားကြသည်။
အသစ်ရောက်ရှိလာသည့် မူးယစ်ဆေးသုံးစွဲသူများအား ရေချိုးခန်း ၊ အိမ်သာ တစ်ခါတည်းတွဲပါသည့် အခန်းတွင် ၃ ရက်ခန့် ထည့်ထားပြီးမှ အပြင်တွင် ပြန်နေခိုင်းကြောင်းလည်း စခန်းတာဝန်ခံများမှဆိုသည်။
မူးယစ်ဆေးဝါးကြောင့် ရင်းထပြီး ညောင်းညှာ ကိုက်ခဲသူများကိုလည်း အချင်းချင်း ကိုယ်နှိပ်ပေးကြလျှက်ရှိသည်။
No comments:
Post a Comment