မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 19, 2016
အနားယူခါနီး သမ္မတကြီးကို ဒေသအသီးသီးမှ လူငယ်အချို့က သွားရောက် ကန်တော့ရန် စီစဉ်
အနားယူခါနီး သမ္မတကြီးကို ဒေသအသီးသီးမှ လူငယ်အချို့က သွားရောက် ကန်တော့ရန် စီစဉ်
------ ------ ------- ------ ------
လက်ရှိ သမ္မတတာဝန်ထမ်းဆောင်နေသော သမ္မတဦးသိန်းစိန် တာဝန်မှ အနားယူခါနီးအချိန် မတ်လလယ်ခန့်တွင် ဒေသအသီးသီးမှ လူငယ်အချို့စုပေါင်းကာ ကန်တော့သွားရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
ယင်းကန်တော့ရန် စီစဉ်နေသော ကိုဥက္ကာရွှေဝင်းက `လာမယ့် မတ်လ ၁၉/၂၀ ခန့်မှာ နေပြည်တော်မှာ လုပ်ပါမယ်။ ဘာအရောင်အသွေးမှမပါဘဲ လူငယ်တွေ ဦးဆောင်ပြီး တော့ လုပ်မှာပါ။ သမ္မတကြီးဟာ ရိုးသားစွာနဲ့ တိုင်းပြည်ကို အရွေ့တခုအထိ ဦးဆောင်ခဲ့တာမို့ ကျေးဇူးသိတတ်စွာတုံ့ပြန်ခြင်း သက်သက်ပါပဲ`ဟု ၎င်း၏ ဖေ့ဘုတ် အကောင့်တွင် ရေးသားထားသည်။
ယင်းကန်တော့ခြင်းအစီအစဉ်သည် နောင်သမ္မတသက်တမ်းများအထိ အစဉ်အလာတခုဖြစ်ရန် ရည်ရွယ်ပြီး မြန်မာမှုနှင့်လည်း ကိုက်ညီသည်ဟု ရေးသားထား သည်။ ကန်တော့ရန် လာရောက်လိုသူများအနေဖြင့် နေပြည်တော်သို့ ကိုယ့်စရိတ်နှင့် ကိုယ်လာရမည်ဖြစ်ပြီး တည်းခိုစားသောက်စရိတ်အား စီစဉ်ပေးမည်ဟု ပါရှိသည်။ ယင်းအပြင် တနေရာတည်းမှ မဟုတ်ဘဲ ဒေသအသီးသီးတွင်ရှိသောသူများ ပါဝင်နိုင်ရန် အတွက်လည်း ဖိတ်ခေါ်ထားသည်။
ထို့ပြင် တက္ကသိုလ်များ မြို့နယ်အသီးသီးမှ ခေါင်းဆောင်လုပ်နိုင်မည့်သူများအားလည်း ဖိတ်ခေါ်ထားပြီး စိတ်ပါဝင်စားသူများမှ အဆိုပါ ခေါင်းဆောင်များထံ ဆက်သွယ်ရမည် ဟု ရေးသားထားသည်။ `သက်ဆိုင်ရာမြို့နယ်အသီးသီးက လူတွေနဲ့ ချိတ်ဆက်ပေးဖို့ မကြာခင် ထပ်ကြေညာပေးပါမယ်။ ကိုယ့်နေရာဒေသက စိတ်ပါဝင်စားသူတွေလည်း ထပ်ဆင့်သတင်းစကားပါးပေးနိုင်ပါတယ်`ဟု ၎င်းအား ဆက်သွယ်မေးမြန်းစဉ် ဖြေကြား ခဲ့သည်။ စိတ်ပါဝင်စားသူများအနေနှင့်လည်း 09798843460 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း ၎င်းဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
No comments:
Post a Comment