မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ဒုံးကျည်စမ်းသပ်မှုများနှင့် ပက်သက်၍ ပိတ်ဆို့မှုအသစ်များ ချမှတ် ++++++++++++++++++++
အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ဒုံးကျည်စမ်းသပ်မှုများနှင့် ပက်သက်၍ ပိတ်ဆို့မှုအသစ်များ ချမှတ်
+++++++++++++++++++++++++++++++++++++++++++++++++++
ဝါရှင်တန် ဇန်န၀ါရီ ၁၈
အမေရိကန်နိုင်ငံသည် မကြာသေးမီက စမ်းသပ်ခဲ့သော ပဲ့ထိန်း ဒုံးကျည်စမ်းသပ်မှုနှင့် ပက်သက်၍ အီရန် ကုမ္ပဏီနှင့် တစ်သီးပုဂ္ဂလပုဂ္ဂုလ်များအပေါ် ပိတ်ဆို့မှုအသစ်များထပ်မံ ချမှတ်ခဲ့သည်။ အဆိုပါ ပိတ်ဆို့အရေးယူမှု အသစ်က အမေရိကန် ဘဏ်စနစ်ကို အသုံးပြုခြင်းမှ ဒုံးကျည်အစီအစဉ် နှင့် ဆက်စပ်နေသော ကုမ္ပဏီ ၁၁ ခုနှင့် တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များကို တားဆီးထားသည်။ အဆိုပါ အရေးယူမှုသည် အီရန်နိုင်ငံအပေါ် နိုင်ငံတကာ နျူကလီးယား နှင့်ပက်သက်၍ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးပြီးသည့်နောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ သမ္မတ ဘားရက်အိုဘားမားနှင့် ရယူထားသော သဘောတူညီချက်ကြောင့် အမေရိကန်နွယ်ဖွား အီရန်နိုင်ငံသား ၄ ဦးကို ထောင်မှ လွှတ်ပေးခဲ့သည်။
Ref:BBC
No comments:
Post a Comment