မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ဝေါတွင်လိုင်စင်မဲ့ယာဉ်လေးစီးဖမ်းမိ၊ တစ်စီးလွတ်မြောက်
ဝေါတွင်လိုင်စင်မဲ့ယာဉ်လေးစီးဖမ်းမိ၊ တစ်စီးလွတ်မြောက်
----------------------------------------------
ကရင်ပြည်နယ် မြဝတီမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသည့် အကောက်ခွန်မဲ့ မော်တော်ယာဉ်လေးစီးကိုပဲခူးခရိုင် ဝေါမြို့မ ရဲစခန်းရှေ့တွင် ဇန်နဝါရီလ
၁၇ ရက်နေ့ ည ၆ နာရီခန့်က ဖမ်းဆီးရမိ ခဲ့ပြီး ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်တစ်စီး လွတ်မြောက် သွားကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနစိတ်ထံမှ သိရသည်။
မြဝတီနှင့် မော်လမြိုင်မြို့တို့ကို ဖြတ်သန်းမောင်းနှင်လာသော အကောက်အခွန်မဲ့
မော်တော်ယာဉ်အချို့ ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြောင်း သတင်းရရှိခဲ့သဖြင့်
ကျိုက်ထို-ရန်ကုန် လမ်းပေါ်ရှိ ဝေါမြို့နယ်စခန်းရှေ့တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ
Honda Fit အမျိုးအစား မော်တော်ယာဉ်နှစ်စီး၊ Nissan Wingroad အမျိုးအစား
မော်တော်ယာဉ်တစ်စီး ၊ ဟွန်ဒါ အမျိုးအစား (Odyssey) တစ်စီးတို့သည် ယာဉ်နှင့် ပတ်သက်သော အထောက်အထား မပါသဖြင့် ယာဉ်မောင်းလေးဦးကို ဝေါမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မင်းဇော်က ဆိုသည်။
"ယာဉ်လေးစီးကိုစစ်ဆေးနေတုန်းမှာ ဟွန်ဒါဖစ်အမျိုးအစား
မော်တော်ယာဉ်တစ်စီး မောင်းလာတာတွေ့တယ်။ တားဆီးစစ်ဆေးတာ မခံဘဲ ထွက်ပြေးမောင်းနှင်သွားတဲ့အတွက် ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းနေပါတယ်။ ယာဉ်မောင်းလေးဦးနဲ့ယာဉ်တွေကိုတော့ ဝေါစခန်းမှာ ထိန်းသိမ်းထားပါတယ်"ဟု ၎င်းက ပြောဆိုသည်။
အကောက်ခွန်မဲ့မော်တော်ယာဉ်များ သယ်ဆောင်မောင်းနှင်လာသည့် ဦးသန့်ဇင်ဦး၊ ဦးတင်းဝင်းထွဋ်၊ ဦးကိုကြီးနှင့် ဦးအောင်လှိုင်ဝင်းတို့ကို ဝေါမြို့မ ရဲစခန်းက (ပ)၂၄/၂၅/၂၆/၂၇/၂၀၁၆ သွင်းကုန်ထုန်ကုန်ဥပဒေ ပုဒ်မ၈/၁၀စီဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
No comments:
Post a Comment