Friday, December 4, 2015

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူသစ်ဆွဲခံရပြီးနောက် ကျန်ရစ်သူမိသားစုများမှ စိုးရိမ်ပူပန်လျှက်ရှိ ==============================

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူသစ်ဆွဲခံရပြီးနောက် ကျန်ရစ်သူမိသားစုများမှ စိုးရိမ်ပူပန်လျှက်ရှိ
==============================

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်း တန်ဆောင်မုန်းလပြည့်နေ့က အမည်မသိ လက်နက်ကိုင် အဖွဲ့မှ အီနိုင်းကျေးရွာ ကချင်ကောက်သစ်စားပွဲအတွင်း ပွဲကြည့်သူ ၁၅ ယောက်ခန့်အား အတင်းအဓမ္မခေသွားကြောင်း၊ ထို့နောက် တာကျိုင်းဟောင်းကျေးရွာမှ ၁ ယောက်၊ တာကျိုင်းသစ် ကျေးရွာမှ ၂ ယောက် ခေါ်သွားကြောင်း ဒေသခံရွာသားများမှ ပြောပြသည်။

ဆက်လက်၍ “ကချင်ရွာသစ်၊ လီရှောရွာ၊ ပန်ဟုန်း (လားဟူရွာ) နဲ့ ၁၅ မိုင်က လွယ်တွပ်ရွာထဲမှာလည်း ညအချိန် လူတွေအိပ်နေတာ အတင်းနှိုးပြီး ခေါ်သွားတယ်။ တချို့ရွာက ၃ ယောက်၊ တချို့ရွာက ၄ ယောက်၊ အဲလိုမျိုး ခေါ်သွားတယ်လို့ ပြောတယ်။ မိန်းမတွေလည်း ပါတယ်၊ အတိအကျတော့ မသိရဘူး။ ကျန်နေခဲ့တဲ့ မိသားစုတွေကတော့ ငိုတဲ့သူတွေငိုနေကြတယ် ရွာကလူကြီးတွေအိမ်ကိုရောက်နေတယ် ပြန်လွတ်မပေးရင် အထက်ထိအောင် တိုင်မယ်လို့လဲ ပြောတယ်” ဟု ၎င်းမှ ပြောကြားထားသည်။

ထိုနယ်မြေအတွင်း လူသစ်များ အတင်းအဓမ္မဆွဲနိုင်သော လက်နက်ကိုင်တပ်ဖွဲ့မှာ KIA ဖြစ်နိုင်ကြောင်း၊ ထိုသို့ ဒေသခံပြည်သူများအား ညှင်းပန်းနှိပ်စက် အကြမ်းဖက်သည်မှာလည်း KIA သာ လုပ်လေ့လုပ်ထရှိကြောင်း သို့သော် TNLA မှာ နယ်မြေခံဖြစ်၍ KIA အား အစစအရာရာ ကူညီပေးနေခြင်းကြောင့်သာ ယခုလို လုပ်၍ရခြင်းဖြစ်နိုင်ကြောင်း၊ ဒေသခံရွာသားများမှ ပြောဆို နေကြသည်။

By Voice Of Kachin

No comments:

Post a Comment