NLD က နိုင်သွားတဲ့အမတ်တစ်ချို့ကို ကြံ့ခိုင်ရေးက တိုင်တယ်လို့ ကြားရတယ်။
NLD တွေ အနေနဲ့ ကိုယ်မှန်ရင် ကြောက်စရာမလိုဘူး။ ဒီလို ခေတ်ကြီးထဲမှာ ဘယ်သူမှ မတရားလုပ်လို့ မရနိုင်ဘူး။ ကိုယ်မှားရင်တော့လည်း ခံပေါ့လေ။
ကြံ့ခိုင်ရေးက မဲရှုံးလို့ ရှုံးမဲတာလို့ ပြောလို့ရပေမယ့် NLD တွေဘက်ကလည်း ဥပဒေချိုးဖောက်တာတွေ အများကြီးပဲ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် "တစ်သီးပုဂ္ဂလတွေကို မဲမပေးကြပါနဲ့" လို့ ပြောခဲ့တယ်။
အမတ်လောင်းမဟုတ်သူတွေက ဟောပြောနေတာတွေ အများကြီးပဲ။
ဗိုလ်ချုပ်ပုံတွေကို မဲဆွယ်ရာမှာ အသုံးချတာတွေ ရှိခဲ့တယ်။
ရွေးကောက်ပွဲအသုံးစာရိတ်ကတော့ တနေ့တနေ့ ကားဆီဖိုးတင်တွက်ကြည့်တောင် နှစ်လစာက သိန်း ၅၀ နင်းနေပြီ။ စတစ်ကာတွေ ဗီနိုင်းတွေ တွက်ကြည့်ရင် ဘယ်နည်းတော့မလဲ? ဘာပဲဖြစ်ဖြစ် ဒါကတော့ ညာလို့ရပါတယ်လေ။ ထားပါတော့။
ညာမရတာတော့ တစ်ချို့သူများရဲ့ လက်ကမ်းကြော်ငြာတွေ။ တစ်သီးပုဂ္ဂလ အင်အားကောင်းတဲ့နယ်က NLD အမတ် လက်ကမ်းကြော်ငြာတစ်စောင်မှာ ဒေါ်စုပုံ နှင့် "တစ်သီးပုဂ္ဂလတွေကို မဲမထည့်ကြပါနဲ့" ဆိုတာကို ပုံနှိပ်ထားတယ်။
ဒီလောက် စုတ်ပြတ်သတ်အောင် NLD ညစ်တာခံရပြီး ရှုံးသွားတဲ့ ဒေါ်ညိုညိုသင်း တို့တောင် မတိုင်သေးတာ ကြံ့ဖွံ့အမတ်တွေလည်း ဘာကြောင့်ရှုံးရှုံး အရှုံးလက်ခံပြီး မတိုင်သင့်ပါဘူး။
ဒါကတော့ အေးအေးချမ်းချမ်း ဖြစ်စေချင်လို့ စေတနာစကားပြောတာပါ။
NLD ညစ်တာခံရတာတော့ ကြံ့ဖွံ့ အမတ်တွေမှ မဟုတ်ပါဘူး။ NDF ရော NDP ရော တစ်သီးပုဂ္ဂလတွေရော အားလုံးအတူပါပဲ။
တိုင်ရင်လည်း ဒေါ်စုက စ တိုင်ရမှာဆိုတော့ ဘယ်သူ့မှမတိုင်တာ အကောင်းဆုံးပါပဲ။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment