ကိုးကန့်သောင်းကျန်းသူ အင်အား (၅၀) ခန့် KIA အကူအညီဖြင့် ကချင်ပြည်နယ်အတွင်းသို့ ၀င်ရောက်နေသည်ဟူသော သတင်းများထွက်ပေါ်
=====================================
ကိုးကန့်သောင်းကျန်းသူ အင်အား (၅၀) ဦးခန့်သည် KIA ၏ အကူအညီဖြင့် တရုတ်နိုင်ငံမှ တစ်ဆင့် နယ်စပ်လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း တရုတ် အသံလွင့်သတင်းဌာနတစ်ခုမှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်လွင့်ချက်အရ သိရှိရသည်။
ကိုးကန့်သောင်းကျန်းသူများ ကချင်ပြည်နယ်အတွင်းသို့ ဘယ်လို ရည်ရွယ်ချက်များဖြင့် ၀င်ရောက်လာသည်ကို အတည့်အကျ မသိရှိရသေးပဲ။ KIA မှလည်း ဘာကြောင့် ကချင်ပြည်နယ် အတွင်းသို့ ခေါ်ဆောင်လက်ခံထားသည်ကို မသိရှိရသေးကြောင်း တရုတ်အသံလွင့်သတင်းဌာန တစ်ခုက ထုတ်လွင့်ခဲ့ပါသည်။
၎င်းကိစ္စနှင့် ပက်သက်၍ ပြန်လည်စီစစ်လျှက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများမှာလည်း အမှန်တကယ်ဆိုပါက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာနိုင်သဖြင့် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်လျှက်ရှိသည်ဟု ကြားသိရသည်။
By Htar Nay
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment