KIA,တပ်မဟာ(၈)၏ ပျော်လန်(Pyawlen Post) အားတပ်မတော်မှသိမ်းပိုက်
========================================
မိုးညှင်းမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ(၈)၏ ပျော်လန်ပို့စ်
(Pyawlen Post) အား တပ်မတော်မှသိမ်းပိုက်ရရှိခဲ့....
ကချင်ပြည်နယ်၊မိုးညှင်းဒေသတွင် အခြေစိုက်ပြီး ဆက်ကြေးကောက်မိုင်းခွဲဆောင်ရွက်နေသော ကေအိုင်
အေတပ်မဟာ(၈)၏ လက်အောက်ခံ တပ်ရင်းများအားပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် တပ်မတော်မှ တိုက်ခိုက်ချေမှုန်းခဲ့ရာ အပြင်းအထန်တိုက်ပွဲ
ဖြစ်ပွားခဲ့ ကြောင်းသိရှိရပါသည်။
ယမန်နေ့ (၁၅.၁၁.၂၀၁၅) ရက်နေ့ မွန်းတည့် (၁၂း၀၀)နာရီအချိန် ကေ
အိုင်အေ တပ်မဟာ(၈) ၏ တပ်ရင်း (၂၆) သည် မော်ဟန် ကင်းစခန်းအားလာရောက်တိုက်ခိုက်ခဲ့ရာ ခလရ-၁၅မှပြန်လည်တိုက်ခိုက်ခဲ့ပြီး (၁၀း၀၀)နာရီကျော် အချိန်အထိ
အပြန်အလှန်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး ကေ
အိုင်အေ တပ်များသည် ပျော်လန်(Pyaw Len Post) အားညနေပိုင်း
တွင် ဆုတ်ခွာထွက်ပြေးခဲ့ရပါသည်။
ယခုအချိန်သည် ရွှေးကောက်ပွဲ အချိန် နှင့် ရွှေးကောက်ပွဲ အလွန်
ကာလ အင်မတန် အရေးကြီးသည့် အချိန်
ဖြစ်သောကြောင့်တပ်မတော်မှ မိမိတို့၏ လက်အောက်ခံတပ်များ
အား တိုက်ပွဲ များမဖြစ်ပွားစေရန် (ခုခံကာကွယ်ရုံမှ အပ) အထူး
ညွှန်ကြားထားသော အချိန်ဖြစ် ကြောင်းသိရှိရပြီးကေအိုင်အေမှ
မှ ၄င်းအခြေအနေအား အခွင့် ကောင်းယူကာမိမိတပ်မတော်စခန်းများအားဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများပြန်လည်စတင်လာရခြင်းဖြစ်သည်။
ဤတိုက်ပွဲတွင် ကေအိုင်အေ ဘက်မှ (၁၀)ဦးထပ်မနည်းကျဆုံးပြီး အများအပြားဒဏ်ရာရရှိထားကြောင်းသိရှိရသည်။တပ်မတော်ဖက်မှလဲ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ကြောင်းသိရှိရသည်။တိုက်ပွဲနယ်မြေအတွင်းသို့ စစ်ကူများထပ်မံရောက်ရှိလာကြောင်းသိရှိရပြီး ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment