ကျော်ပုံနှိပ်တိုက် ပိုင်ရှင် အပါအဝင် ငါးဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲ
========================================
ရိုဟင်ဂျာ ပြက္ခဒိန်များ ရိုက်နှိပ်မှုကြောင့် ငွေဒဏ် ကျပ် ၁၀ သိန်းစီ ဒဏ်ရိုက်ခံခဲ့ရသည့် ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်နှင့် ပုံနှိပ်တိုက်မန်နေဂျာ အပါအဝင် ငါးဦးကို ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း ပုဇွန်တောင် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပြက္ခဒိန် ဖြန့်ဝေဖြစ်ပါက ပြည်သူများအကြား ဆူပူမှုများ ဖြစ်စေ လာနိုင်သောကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုပေးရန် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် အပါအဝင် ငါးဦးကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က ပြောကြားသည်။
မြန်မာ-အင်္ဂလိပ်-အာရ်ဗီ သုံးဘာသာ ပါဝင်သော ပြက္ခဒိန်တွင် ရိုဟင်ဂျာကို ထောက်ခံသည့် ရုပ်ပုံနှင့် စာသားများကို ပုံနှိပ်ခဲ့သော ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် အပါအဝင် အမျိုးသားငါးဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးက တစ်ဦးလျှင် ကျပ် ၁၀ သိန်း ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment