ဇီးကုန်းတွင် ပြည်ခိုင်ဖြိုး အနိုင်ရ
======================
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဝင်ရောက်ယှဉ်ပြိုင်သော ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ကြောင်း ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ မြို့နယ်ကော်မရှင်သို့ဆက်သွယ် မေးမြန်းရာတွင် မဲစာရင်းများချုပ်နေသည့် အတွက် လတ်တလောမပြောနိုင်သေးကြောင်း ဖြေကြားသည်။ဇီးကုန်းမြို့နယ် ကျေးရွာအုပ်စု ၃၄ အုပ်စုတွင် မဲရုံပေါင်း ၅၁ ရုံရှိကြောင်းသိရသည်။
ဧရာဝတီ
No comments:
Post a Comment