အင်းတော်အနီးတစ်ကျော့ပြန်ြေ့မပြိုကျ၍ ကားလမ်းပျက်စီး
======================================
အင်းတော် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းရွာအနီးရှိ အင်းတော်-ဗန်းမောက် ကားလမ်းမိုင်တိုင်(၂ဝ/၃) အနီး အင်း၏အရှေ့ဘက်ကားလမ်းနှင့် ကပ်လျက်ရှိတောင်သည် မိုးဦးကာလ မိုးများရွာသွန်းခဲ့မှုကြောင့် တောင်ခင်တန်းမြေ ငါးဧကဝန်းကျင်ခန့်ပြတ်ကျကာ မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုများရပ်တန့်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်တွင် အဆိုပါနေရာများ၌ မြေထပ်မံပြိုကျခဲ့ကာ ကတ္တရာခင်းလမ်းများမှာ အပေါ်အမြင့် သုံးပေ ကျော်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
လမ်းများပျက်စီးနေသဖြင့် ဒေသခံပြည်သူများမှာ လမ်းအသွားအလာ အခက်အခဲများဖြင့် ရင်ဆိုင်နေရ ကြောင်း ဒေသခံသုံးဘီး မောင်းသူတစ်ဦးက ပြောခဲ့သည်။ အဆိုပါမြေနေရာကိုထိန်းသိမ်းစိစစ်ပြုပြင်ရေး ဒေသခံ များက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
သန်းမောင်လေး(ကချင်မြေ)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment