မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, September 9, 2015
မိုးညှင်းမြို့နယ်အတွင်းရှိ သစ်၊ ဝါးခုတ် နေသောဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ
မိုးညှင်းမြို့နယ်အတွင်းရှိ သစ်၊ ဝါးခုတ် နေသောဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ
စက်တင်ဘာလ ၉ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ KIA အဖွဲ့ ရောက်ရှိ လာပြီး သစ်၊ ၀ါးခုတ်နေသော ကျေးရွာသား များးထံမှ ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်ဆောက်လုပ်ရန်အတွက် သစ်၊ ၀ါးများ သယ်ဆောင်လာသည့် နွားလှည်းပိုင်ရှင် ၃ ဦးအား နွားလှည်း တစ်စီးလျှင် ငွေ ၁၀၀၀၀ ကျပ်နှုန်းတောင်းခံသွားပြီး နန့်စီးအောင်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ အဲဒီသစ်စက် လုပ်ငန်းပိုင်ရှင်တွေဆီကလည်း KIA အဖွဲ့က ဆက်ကြေးကောက်တယ်၊ သူတို့ဆီက ဆက်ကြေးကောက်တာ အကြောင်း မဟုတ်ဘူး၊ အခုဟာက ဒေသခံတွေ နေအိမ်ဆောက်လုပ်ဖို့ သစ်၊ ဝါးခုတ်တာတောင် ဆက်ကြေးတောင်းနေတယ်၊ ရွာအနေနဲ့လည်းပေး ရတယ်၊ ရိက္ခာဆိုလည်းပေးရတယ် ဒါမျိုးတော့ မဖြစ်သင့်ဘူး” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှလည်း ပြောပြပါသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်လက်မှတ်ထိုးနိုင်ရန် ဆောင်ရွက်နေချိန်အတွင်း KIA အဖွဲ့ အနေဖြင့် ယခုကဲ့သို့ ဒေသခံများအပေါ် မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံ တိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေးအလင်းရောင်မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိကြောင်း မိုးညှင်းမြို့ခံ တစ်ဦးမှလည်း ပြောပြပါသည်။
နော်ဂျာ
No comments:
Post a Comment