မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 20, 2015
ဆီးရီးယား ပြဿနာ ကို အဆုံးသတ် ဖို့ရာ အရေးပေါ် စကားပြောဆို မှု တွေ ပြုလုပ်ဖို့ လိုအပ် တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က အလေးထား ပြောခဲ့ပါတယ်။
ဆီးရီး ယား အစိုးရ အပေါ် ဩဇာ သက်ရောက်မှု ရှိတဲ့ အီရန် နဲ့ ရုရှား တို့ အနေနဲ့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် ကို စားပွဲဝိုင်း ကို ရောက်အောင် ခေါ်လာ နိုင်ဖို့ မျှော်လင့်တယ် လို့လည်း မစ္စတာ ကယ်ရီ က ဆိုပါတယ်။
ဒီလို စကား ပြောဆို ဆွေးနွေး ကြလို့ သမ္မတ အယ်လ် အာဆတ် အနေနဲ့ ချက်ခြင်း နှုတ်ထွက် ပေးစရာ လိုမှာ မဟုတ်ပေမယ့် ဆီးရီးယား အရေး ပြေလည်ဖို့ ဆိုရင် အဆုံး တစ်နေ့ မှာတော့ မစ္စတာ အာဆတ် အာဏာကို စွန့်မှ ရလိမ့်မယ် ဆိုပြီးတော့လည်း ဝန်ကြီး ကယ်ရီ က ပြောပါ တယ်။
No comments:
Post a Comment