မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 19, 2015
ကျွန်တော် အနေနဲ့ ပက်ပက်စက်စက် မညှာမတာဝေဖန်ရမယ်ဆိုရင် နောက်အစိုးရသစ်မှာ သေချာတယ
ကျွန်တော် အနေနဲ့
ပက်ပက်စက်စက် မညှာမတာဝေဖန်ရမယ်ဆိုရင်
နောက်အစိုးရသစ်မှာ သေချာတယ် NLD တွေ မဲ အများဆုံးရပြီး
လွှတ်တော်ထဲရောက်လာလိမ့်မယ်
ဒါပေမယ့် တစ်ခုရှိတာက
နိုင်ငံဦးဆောင်ဖို့ဆိုတာ စာတွေ့နဲ့အတွေးပေါ်မှာ အခြေခံလို့မရဘူး ဆိုတာပဲ
အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ
ဘယ်လောက်ပဲ ပြောင်းလဲမှုတွေလုပ်ချင်ပါတယ် လုပ်ပေးပါမယ်ဆိုတာထက်
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တစ်နိုင်ငံတည်းနေလို့ရတာမဟုတ်ဘူး ဆိုတာပါပဲ
ခင်ဗျားဘယ်လောက်ပဲ ပြောင်းလဲချင်ပေမယ့် နိုင်ငံစီးပွါးရေး တက်မလာရင် ဘာလုပ်မလဲ
လွယ်လွယ်မတွေးနဲ့နော်
နောက်တစ်ခုက
ကျုပ်တို့နိုင်ငံကလူတွေက အပြောင်းအလဲအရမ်းဖြစ်ချင်နေပြီ
တက်လာမယ့် အစိုးရသစ်ကို အရမ်းမျှော်လင့်ထားကြတာ
ဖြစ်မလာရင် ဘာလုပ်မလဲ
Changing အရမ်းအရေးကြီးတယ်
ခုချိန်မှာ NLD အမတ်တွေ လွှတ်တော်ထဲဝင်လာမယ်
ဌာနအသီးသီး မှာ ရာထူးတွေယူကျမယ်
အလုပ်တွေစလုပ်ကျတော့မယ်
ဘယ်လိုလုပ်ကျမှာလဲ???
ဘယ်ကစလုပ်ကျမှာလဲ???
စဉ်းစားစရာဖြစ်လာပြီနော်
နောက်တစ်ခုက ကျုပ်တို့မြန်မာလူမျိုးနဲ့ အာဏာပဲ
အာဏာရရင် လမ်းကြောင်းကလွဲလွဲသွားတတ်တယ်
ဒါကို ခင်ဗျားတို့အားလုံးသိမှာပါ
NLD ဟာ ခုချိန်မှာ ရွေးကောက်ပွဲအတွက် အားအကောင်းဆုံးပါတီ တစ်ခုဖြစ်နေပေမယ့်
ပါတီတွင်းလှိုက်စားမှုတွေ အများကြီးနဲ့ရပ်တည်နေတာ
ဒေါင်းတစ်ကောင်ဟာ အမြီးဖြန့်ပြီးကပြနေပေမယ့်
နောက်မှာ ဖင်ပြောင်နေသလိုပေါ့
ဒေါ်စု ဘယ်လောက်ပဲ တော်ပါတယ်ပြောနေပေမယ့်
သူ့ပါတီက လူတွေကို မထိန်းချုပ်နိုင်ရင် ဘာမှလုပ်မရဘူး
OK Post ကို နိဂုံးချုပ်ရမယ်ဆိုရင်
ပြည်သူက Changing လုပ်ချင်လို့ NLD ကို မဲအပြည့်ပေးပြီး လွှတ်တော်ထဲသွင်းမယ်
မျှော်လင့်ထားတဲ့အတိုင်း အရှိန်မြင့်မြင့်နဲ့ပြောင်းလဲမှုမလုပ်နိုင်ရင် တော့
သေချာတယ် NLD ဆိုတာလဲ
အစိုးရသက်တမ်းတခုပါပဲ
OK
ဒါဟာ ကျွန်တော့် အမြင်ပါပဲ
အဓိက က တော့ ပြည်သူရဲ့ Changing လုပ်ချင်တဲ့စိတ်ကိုအခြေခံတာပါ----------------------
No comments:
Post a Comment