မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်လောင်းများတွေ့ဆုံမည် ----- ----- ----- -----
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်လောင်းများတွေ့ဆုံမည်
----- ----- ----- -----
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်း ၄၅မြို့နယ်မှ ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်လောင်း ၁၄၉ ဦးတို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒခံယူရန် သြဂုတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ မြမြင့်မိုရ်ဟိုတယ်တွင် တွေ့ဆုံမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် အဓိကအကြောင်းအရာမှာ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စအတွက် ဥက္ကဌ၏ သြဝါဒခံယူကြမည်ဟု ရန်ကုန်တိုင်းNLD အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့် ကဆိုသည်။
“အဓိက ကတော့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ၄၅ မြို့နယ်က NLDဗဟိုက ရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၉ ဦးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တွေ့ကြမှာ အဲဒီအတွက် ဥက္ကဌရဲ့ သြဝါဒခံယူမှာ”ဟု ၄င်းက ပြောသည်။
ထိုတွေ့ဆုံပွဲတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များ၏ ဥက္ကဌနှင့်အတွင်းရေးမှူးးများ၊ အောင်နိုင်ရေးဥက္ကဌများပါဝင်သည်။
NLD ဗဟိုမှရွေးချယ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဗဟို၏ချုပ်ကိုင်မှုများ လွန်ကဲခြင်းကြောင့် တီဝင်များ၏ကန့်ကွက်ဆန္ဒပြမှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး ပါတီဝင်များ နုက်ထွက်ခြင်း ဗဟိုမှထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် က လူကိုမကြည့်ရန် ပါတီကိုသာကြည့်၍ မဲထည့်ကြရန်နှင့် ၄င်း၏ လွှတ်တော်ကိုယ်စားလှယ်များကို နိုင်နင်းစွာကိုင်တွယ်နိုင်ကြောင်း ပြောကြားထားသည်။
ကိုဗညား
No comments:
Post a Comment