မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 7, 2015
ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ကချင်လူထုကိုယ်စား ငြိမ်းချမ်းရေးအတွက် တောင်ဆိုသွားမည် ဆိုသော်လည်း KIA သောင်းကျန်းသူများအနေဖြင့် ဆက်လက်စစ်ရေးပြင်ဆင်နေဆဲ
ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ကချင်လူထုကိုယ်စား ငြိမ်းချမ်းရေးအတွက် တောင်ဆိုသွားမည် ဆိုသော်လည်း KIA သောင်းကျန်းသူများအနေဖြင့် ဆက်လက်စစ်ရေးပြင်ဆင်နေဆဲ
=========================================
6, August, 2015 By Kachin People
၂၀၁၅ သြဂုတ် ၄ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)မှ ကချင်ပြည်သူ လူထုကိုယ်စား၊ ကချင်ဒုက္ခသည်တွေကိုယ်စား ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဆွမ်ပရာဘွမ်ဒေသမှာ တိုက်ပွဲတွေရပ်တန့်ပေးဖို့အတွက် နိုင်ငံတော် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာ ပေးပို့တောင်းခံခဲ့ပါသည်။
ဆွမ်ပရာဘွမ်ဒေသ ပူတာအို-မြစ်ကြီးနားလမ်းကို KIA မှ ဖျက်ဆီးနေတဲ့အတွက် တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းတဲ့အခါတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားသိရပါသည်။ KIA မှ တော်မတော်စစ်ကြောင်းများအား လမ်း၊ တံတားတွေကို ဖျက်ဆီးကာ အာရုံလွှဲနေပြီး တဖက်က ကျေးရွာတွေမှာ KIA ထဲကို မ၀င်မနေရဆိုပြီး လူသစ်ဆွဲနေကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။
No comments:
Post a Comment