Tuesday, August 11, 2015

ပူတာအိုမြို့နယ်အတွင်း ပူတာအို-မြစ်ကြီးနား ကားလမ်း မိုင်တိုင်(၁၇၅/၄)ရှိ တံတားတစ်စင်းအား KIA မီးရှို့ဖျက်ဆီး

ပူတာအိုမြို့နယ်အတွင်း ပူတာအို-မြစ်ကြီးနား ကားလမ်း မိုင်တိုင်(၁၇၅/၄)ရှိ တံတားတစ်စင်းအား KIA မီးရှို့ဖျက်ဆီး ======================================== 10, August, 2015 By Kachin People ၂၀၁၅ သြဂုတ်လ ၁ ရက်နေ့ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ပူတာအို-မြစ်ကြီးနား ကားလမ်း မိုင်တိုင်အမှတ် (၁၇၅/၄) နေရာရှိ တံတားအရှည်(၅၀)ပေ၊ အကျယ်(၁၃)ပေ၊ ခံနိုင်ဝန်(၁၃)တန်ရှိသော သံဘောင်ဘေလီ နှစ်လွှာ တစ်ထပ်သစ်သားကြမ်းခင်း မြေပြတ်ကူး တံတားအား KIA သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခရီးသည်ပြည်သူတစ်ဦးမှ တစ်ဆင့် သိရှိရပါသည်။ ၎င်းနေ့မှာပင် ဆွမ်ပီယန်ကျေးရွာအနီးရှိ တံတားအမှတ်(၁/၁၇၆)ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ သြဂုတ်လ ပထမပတ်အတွင်းမှာပင် ပူတာအို-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား(၄)စင်းအား KIA မှ မိုင်းခွဲ၊မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတံတားများမှာ နိုင်ငံတော်အစိုးရမှ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ပါးသော ဒေသခံများ အတွက် ရည်ရွယ်ကာ ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်သည်။ ပူတာအိုမြို့နယ်အတွင်း ပူတာအို-မြစ်ကြီးနား ကားလမ်း မိုင်တိုင်(၁၇၅/၄)ရှိ တံတားတစ်စင်းအား KIA မီးရှို့ဖျက်ဆီး ======================================== 10, August, 2015 By Kachin People ၂၀၁၅ သြဂုတ်လ ၁ ရက်နေ့ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ပူတာအို-မြစ်ကြီးနား ကားလမ်း မိုင်တိုင်အမှတ် (၁၇၅/၄) နေရာရှိ တံတားအရှည်(၅၀)ပေ၊ အကျယ်(၁၃)ပေ၊ ခံနိုင်ဝန်(၁၃)တန်ရှိသော သံဘောင်ဘေလီ နှစ်လွှာ တစ်ထပ်သစ်သားကြမ်းခင်း မြေပြတ်ကူး တံတားအား KIA သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခရီးသည်ပြည်သူတစ်ဦးမှ တစ်ဆင့် သိရှိရပါသည်။ ၎င်းနေ့မှာပင် ဆွမ်ပီယန်ကျေးရွာအနီးရှိ တံတားအမှတ်(၁/၁၇၆)ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ သြဂုတ်လ ပထမပတ်အတွင်းမှာပင် ပူတာအို-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား(၄)စင်းအား KIA မှ မိုင်းခွဲ၊မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတံတားများမှာ နိုင်ငံတော်အစိုးရမှ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ပါးသော ဒေသခံများ အတွက် ရည်ရွယ်ကာ ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်သည်။

No comments:

Post a Comment