Wednesday, August 12, 2015

ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့ဆိုင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံ

ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့ဆိုင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံ ဩဂုတ်လ ၁၁ ရက် ၂၀၁၅ ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့ဆိုင်များအား သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးငွေများ လာရောက်ပေးသွင်းရန် KIA အဖွဲ့မှ ကောက်ခံထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ `` ကားဝပ်ရှော့ဆိုင်တွေကို ဆက်ကြေးငွေအဖြစ် ဆိုင်ကြီး ၁ ဆိုင်ကို ၄ သိန်းကျပ်၊ ဆိုင်သေး ၁ ဆိုင်ကို ၃ သိန်းကျပ် ပေးသွင်းရမယ်ဆိုပြီး တောင်းထားတယ်၊ မပေးရင် ဆိုင်တွေကို မီးရှို့၊ မိုင်းထောင်ဖောက်ခွဲတာတို့ လုပ်မယ်ပြောသွားတယ်၊ မတတ်နိုင်ဘူး ရှာကြံပြီးပေးရမှာပဲ ´´ ဟု ကားဝပ်ရှော့ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် KIA အဖွဲ့မှ စေလွှတ်လိုက်သော အမာခံ ၂ ဦးသည် ဆိပ်မူ ကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာပြီး ဈေးဆိုင်နှင့် ကား/ဆိုင်ကယ်ဝပ်ရှော့များအား ဆက်ကြေးငွေများ သြဂုတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်အတွင်း ပေးဆောင်ရန် လိုက်လံပြောဆိုနေကြောင်း သိရသည်။ KIA အဖွဲ့၏ ယခုလို မိုက်ကြေးခွဲ ခေါင်းပုံဖြတ်ပြီး ဆက်ကြေးများ လိုက်လံကောက်ခံနေမှုကြောင့် အချို့ဈေး ဆိုင်နှင့် ဆိုင်ကယ်ပြုပြင်ဆိုင်များမှာ လုပ်ငန်းပိတ်သိမ်း၍ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်းနှင့် ဒေသခံများမှာလည်း အလုပ်လက်မဲ့ဘ၀ဖြင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်) ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့ဆိုင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံ ဩဂုတ်လ ၁၁ ရက် ၂၀၁၅ ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့ဆိုင်များအား သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးငွေများ လာရောက်ပေးသွင်းရန် KIA အဖွဲ့မှ ကောက်ခံထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ `` ကားဝပ်ရှော့ဆိုင်တွေကို ဆက်ကြေးငွေအဖြစ် ဆိုင်ကြီး ၁ ဆိုင်ကို ၄ သိန်းကျပ်၊ ဆိုင်သေး ၁ ဆိုင်ကို ၃ သိန်းကျပ် ပေးသွင်းရမယ်ဆိုပြီး တောင်းထားတယ်၊ မပေးရင် ဆိုင်တွေကို မီးရှို့၊ မိုင်းထောင်ဖောက်ခွဲတာတို့ လုပ်မယ်ပြောသွားတယ်၊ မတတ်နိုင်ဘူး ရှာကြံပြီးပေးရမှာပဲ ´´ ဟု ကားဝပ်ရှော့ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် KIA အဖွဲ့မှ စေလွှတ်လိုက်သော အမာခံ ၂ ဦးသည် ဆိပ်မူ ကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာပြီး ဈေးဆိုင်နှင့် ကား/ဆိုင်ကယ်ဝပ်ရှော့များအား ဆက်ကြေးငွေများ သြဂုတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်အတွင်း ပေးဆောင်ရန် လိုက်လံပြောဆိုနေကြောင်း သိရသည်။ KIA အဖွဲ့၏ ယခုလို မိုက်ကြေးခွဲ ခေါင်းပုံဖြတ်ပြီး ဆက်ကြေးများ လိုက်လံကောက်ခံနေမှုကြောင့် အချို့ဈေး ဆိုင်နှင့် ဆိုင်ကယ်ပြုပြင်ဆိုင်များမှာ လုပ်ငန်းပိတ်သိမ်း၍ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်းနှင့် ဒေသခံများမှာလည်း အလုပ်လက်မဲ့ဘ၀ဖြင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: