မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 10, 2015
မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ ဘေလီတံတားအား KIA အဖွဲ့မှ မိုင်းခွဲဖျက်ဆီး

ဩဂုတ်လ ၁၀ ရက် ၂၀၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ၊ လုံရှာယန်ကျေးရွာအနီး မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ ဘေလီတံတားအား သြဂုတ်လ ၅ ရက်နေ့တွင် KIA အဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီ ခွဲခန့်တွင် မဆွန်ဇွပ်ကျေးရွာဘက်မှ မိုင်းကွဲသံကြားရသဖြင့် လုံရှာယန်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ရာ လုံရှာယန် ကျေးရွာနှင့် ၁၂ မိုင်ခန့်အကွာ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ သံဘောင် ဘေလီတံတားမှာ မိုင်းခွဲမှုကြောင့် အပေါ်သံဘောင် နှစ်နေရာ၊ အောက်သံဘောင် နှစ်နေရာ ပျက်စီးနေပြီး တံတား၏ ၀ဲဘက်ခြမ်းသို့ အနည်းငယ်နိမ့်ဆင်းသွားကြောင်း ၊ အဆိုပါတံတားပျက်စီးမှုကြောင့် ဆိုင်ကယ်နှင့်လူများသာ သွားလာ နိုင်ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိကြောင်း လုံရှာယန်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
ယခုလို KIA အဖွဲ့မှ အများပြည်သူအသုံးပြုနေသော လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများမှာ တစ်ကြိမ် မက အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ KIA အဖွဲ့၏ အကြောင်းမဲ့ပစ်ခတ်မှုများ၊ မိုင်းထောင်မှုများ၊ လူဖမ်းမှုများ ကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်း ပူတာအိုမြို့နေ လုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။
ဆိုင်နော်(ဖားကန့်) မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ ဘေလီတံတားအား KIA အဖွဲ့မှ မိုင်းခွဲဖျက်ဆီး
ဩဂုတ်လ ၁၀ ရက် ၂၀၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ၊ လုံရှာယန်ကျေးရွာအနီး မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ ဘေလီတံတားအား သြဂုတ်လ ၅ ရက်နေ့တွင် KIA အဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီ ခွဲခန့်တွင် မဆွန်ဇွပ်ကျေးရွာဘက်မှ မိုင်းကွဲသံကြားရသဖြင့် လုံရှာယန်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ရာ လုံရှာယန် ကျေးရွာနှင့် ၁၂ မိုင်ခန့်အကွာ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ဆွန်ပီယန် - ပူတာအိုသွား ကားလမ်းပေါ်ရှိ သံဘောင် ဘေလီတံတားမှာ မိုင်းခွဲမှုကြောင့် အပေါ်သံဘောင် နှစ်နေရာ၊ အောက်သံဘောင် နှစ်နေရာ ပျက်စီးနေပြီး တံတား၏ ၀ဲဘက်ခြမ်းသို့ အနည်းငယ်နိမ့်ဆင်းသွားကြောင်း ၊ အဆိုပါတံတားပျက်စီးမှုကြောင့် ဆိုင်ကယ်နှင့်လူများသာ သွားလာ နိုင်ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိကြောင်း လုံရှာယန်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
ယခုလို KIA အဖွဲ့မှ အများပြည်သူအသုံးပြုနေသော လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများမှာ တစ်ကြိမ် မက အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ KIA အဖွဲ့၏ အကြောင်းမဲ့ပစ်ခတ်မှုများ၊ မိုင်းထောင်မှုများ၊ လူဖမ်းမှုများ ကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်း ပူတာအိုမြို့နေ လုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။
ဆိုင်နော်(ဖားကန့်)
No comments:
Post a Comment